အာရုံစူးစိုက်မှုအားကောင်းလာစေမယ့် အကျင့်တွေအကြောင်း

play

အာရုံစူးစိုက်မှုရှိရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်မြန်ဆန်စွာ လုပ်ဖြစ်တဲ့အခါ၊ သူ့အချိန်နဲ့သူ ပြီးစရာရှိတာတွေပြီးလို့ တိုးတက်အောင်မြင်တယ်။ ဒီတော့ စိတ်နဲ့လူနဲ့ အမြဲကပ်နေအောင် ဘာလုပ်မလဲ။ လူကြီးတွေကို မေးရင် တရားထိုင်လေ၊ သတိလေးကပ်ထားပေါ့ဆိုပြီး ပြောကြပါတယ်။ တရားမထိုင်ဘဲနဲ့ ကိုယ်ဘာလုပ်နေလဲ အမြဲသိအောင် တခြားနည်းလမ်းလေးတွေနဲ့ လေ့ကျင့်လို့ရပါတယ်။
play

(၁) ၂မိနစ် လေ့ကျင့်ခန်း
 မနက်တိုင်း နိုးတာနဲ့ ၂ မိနစ်လောက် Alarm ပေးပြီး အသက်ရှုနေတာ၊ ထုတ်နေတာကို အာရုံစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ သီတင်းပတ်တစ်ပတ်ကို ၁ မိနစ်စီတိုးပြီး ၃ လလောက်ပုံမှန်လုပ်ရပါမယ်။
play

(၂) ခေါင်းလောင်းလေးတွေမြည်နေပါစေ
ငယ်ငယ်တုန်းကကျောင်းမှာ စာသင်ချိန်တစ်ချိန်ပြီးရင် ခေါင်းလောင်းတီးသလိုမျိုး အချိန်တွေကို ပိုင်းပြီး ဖုန်း (သို့) Laptop မှာ Alarm လုပ်ထားလိုက်ပါ။ နာရီပတ်ထားပြီး အမြဲကြည့်လေ့ရှိတဲ့သူတွေတောင် တစ်ခါတစ်လေ အချိန်တွေကျော်သွားတတ်တယ်။ မနက်၊ နေ့လည်၊ ညနေ စသဖြင့် Alarm ပေးထားရင် အသံကြားတာနဲ့ အခု ငါ ဘာလုပ်နေလဲ၊ နောက်ကျနေပြီ စသဖြင့် သတိရှိသွားစေပါတယ်။ Alarm သံကို ဝါသနာပါရင် မျိုးစုံထားတာတို့၊ ရယ်စရာကောင်းတဲ့အသံ၊ သီချင်း စသဖြင့် မျိုးစုံ ထားလိုက်ပါ။ အသံတစ်မျိုးတည်းဆို ကြာရင် ကြားကို မကြားချင်ပဲ ဖြုတ်ပစ်ချင်စိတ်ပေါက်ပြီး စိတ်ပိုတိုတတ်လို့ပါ။
play

(၃) ရည်ရွယ်ချက်လေးတွေက ဘာလဲ
လုပ်စရာတစ်ခုလုပ်တော့မယ်ဆိုတာနဲ့ ဒါကိုဘာဖြစ်ချင်လို့လုပ်တယ်၊ ဘာလို့လုပ်တယ် စသဖြင့် တွေးကြည့်ပါ။ အလုပ်ကြီးကြီးမှ မဟုတ်ဘူး။ email ပို့တာ၊ စာအုပ်ဖတ်တာ၊ ဟင်းချက်တာ၊ ရုပ်ရှင်ကြည့်တာ အဲဒါတွေမလုပ်ခင်မှာ ဘာလို့အဲဒါကို လုပ်မှာလဲဆိုတဲ့ အကြောင်းအရာကို တွေးကြည့်ပါ။ ဥပမာ ဟင်းချက်မယ်ဆို ချက်ကြည့်ချင်လို့၊ တစ်စုံတစ်ယောက်ကို ချက်ကျွေးချင်လို့၊ ကိုယ့်ဟာကို စားချင်လို့၊ ဘာလို့မှ မဟုတ်ဘူး ဝါသနာပါလို့ ဒါမှမဟုတ် ချက်ရမယ့်တာဝန်ရှိနေလို့ အဲဒီလိုလေးတွေ တွေးပေးပါ။
play

(၄) တစ်ရက်ကုန်သွားတိုင်း ဒီနေ့အဖြစ်အပျက်တွေပြန်စဉ်းစားပါ။
ဒီနေ့ ကိုယ်ဘာတွေပြောခဲ့၊ စားခဲ့တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်၊ ခါးနာနေတယ်၊ အလုပ်များတယ် စသဖြင့်ပြန်တွေးပါ။ ဒီနေ့ ငါ ဘာတွေလုပ်ဖြစ်တယ်၊ ဘယ်လိုခံစားရတယ် ဆိုတာတွေပါ ထည့်စဉ်းစားပေးပါ။ မနက်က ၂ မိနစ် အသက်ရှုမိလား၊  Alarm သံတွေမြည်တော့ ဘာတွေလုပ်နေခဲ့လဲ၊ ဘာစိတ်ကူးနဲ့လုပ်နေခဲ့တာလဲ အဲဒီ ၃ ခုလုံးကော လုပ်ဖြစ်ရဲ့လား အကုန်စဉ်းစားရပါမယ်။ အဲဒီကနေပြီးတော့ ကိုယ့်အကြောင်းကိုယ် ပိုပြီးသိလာပြီး ဘာတွေလိုအပ်တယ်၊ နောက်ဘာလုပ်ရမယ် ဆိုတာတွေ ပေါ်လာမှာမို့လို့ပါ။
အပေါ်မှာရေးထားတဲ့အချက်လေး ၄ ခု ကို နေ့တိုင်းလုပ်ပေးရင် ၃ လလောက်ဆိုရင် အကျင့်ဖြစ်သွားပြီမို့ အမြဲ စိတ်နဲ့လူနဲ့ကပ်ပြီး အာရုံစူးစိုက်မှုအား ပိုကောင်းလာတာကို တွေ့ရမှာပါ။ အရာရာအဆင်ပြေနေတာပြီး အလုပ်တွေလည်းပိုပြီးလုပ်နိုင်လာပါလိမ့်မယ်။
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.