Breaking News

ကျန်းမာသွယ်လျလိုသူတွေအတွက် အစာစားဖို့ အချိန်ဇယား

play

ကျန်းမာရေးကို လိုက်စားသူတွေနဲ့ ကိုယ်အလေးချိန်ထိန်းထားသူတွေကတော့ ကျန်းမာစေတဲ့ အစားအစာတွေ၊ သွားရေစာတွေကို ဘယ်လိုစားမလဲဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုအစားအစာကို စားရမလဲဆိုတာကိုတော့ သိသူနည်းလိမ့်မယ် ထင်ပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံးစားသောက်မှုပုံစံကို ရနိုင်ဖို့အတွက် အချိန်ဇယားနဲ့စားတာ အကောင်းဆုံးဖြစ်ပါတယ်။
play

မနက်စာ
မနက် ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်း စားရပါမယ်။ ဒီအချိန်အတောအတွင်းမှာ မနက်စာစားရင် ခန္ဓာကိုယ်က အဆီတွေစုပ်ယူမှု နည်းသွားပြီး တစ်နေ့တာရဲ့ ကျန်ရှိနေတဲ့အချိန်တွေမှာ ဆာလောင်မှုကို လျော့သွားစေပါတယ်။ မနက်စာကို စားသင့်တဲ့အချိန်မှာ နေ့စဉ်ပုံမှန်စားပေးတဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်က ပေါင် ၃၀ နဲ့အထက် ဝိတ်ကျနိုင်ပါတယ်။ မနက်အိပ်ရာနိုးပြီး ၁ နာရီအတွင်း မနက်စာစားရင် အကောင်းဆုံးပါပဲ။
play

မနက်စာအပြီး နေ့လယ်စာမတိုင်မီ သွားရေစာ
မနက်စာစားပြီး၂ နာရီမှ ၄ နာရီအတွင်း နေ့လယ်စာမစားမီ သွားရေစာစားနိုင်ပါတယ်။ မနက်စာစားချိန်နဲ့ သွားရေစာစားချိန်ကြားက အချိန်ကွာဟမှုလေးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ထိပ်ဆုံးအနေအထားမှာ ရောက်ရှိနေစေပါတယ်။ ဒီအချိန်မှာ သွားရေစာနည်းနည်းလောက် စားထားမယ်ဆို နေ့လယ်စာကို များများမစားမိတော့ဘူးလေ။
play

နေ့လယ်စာ
နေ့လယ် ၃ နာရီမတိုင်ခင် နေ့လယ်စာကို စားရပါမယ်။ ၂၀၁၆ ခုနှစ်အတွင်းက အမေရိကန် ဆေးဝါးနဲ့အာဟာရဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့တဲ့ စစ်တမ်းအရဆိုရင် နေ့လယ်စာ စောစောစားသူတွေဟာ သီတင်းပတ် ၂၈ ပတ်အကြာမှာ ပိုပြီးဝိတ်ကျသွားပါသတဲ့။ နေ့လယ် ၃ နာရီမတိုင်မီ နေ့လယ်စာစားတဲ့ ဝိတ်ချနေသူတွေဟာ ၂၅ ရာခိုင်နှုန်း ဝိတ်ပိုကျသွားတယ်လို့  International Journal of Obesity ဂျာနယ်ကလည်း ဖော်ပြဖူးပါတယ်။
play

ညနေပိုင်း အဆာပြေ
ဒါကိုလည်း မနက်ပိုင်း အချိန်ဇယားအတိုင်းပဲ စားရပါမယ်။ နေ့လယ်စာစားပြီး ဗိုက်ထပ်ဆာသူတွေနဲ့ အချိုတည်းလိုသူတွေဟာ နေ့လယ်စာစားပြီး ၂ နာရီမှ ၄ နာရီအတွင်း သွားရေစာကို စားနိုင်ပါတယ်။ ဒီလိုအချိန်ဇယားနဲ့ စားသုံးလိုက်မယ်ဆိုရင် သွေးထဲကသကြားဓာတ်ကို တည်ငြိမ်နေစေပြီး ညစာစားချိန်မှာ အလွန်အကျွံမစားမိတော့ပါဘူး။
play

ညစာ
ညနေ ၅ နာရီမှ ၇ နာရီအတွင်း ညစာစားသင့်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လူတစ်ဦးဟာ တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီပမာဏရဲ့ သုံးပုံတစ်ပုံကို ညနေ ၆ နာရီမှ ညသန်းခေါင်အချိန်အတွင်းမှာ စားသုံးကြတယ်လို့ သိရပါတယ်။ ည ၇ နာရီမှ ၉ နာရီအတွင်း တစ်နေ့စာ အစားစားတာကို နောက်ဆုံးပိတ် ရပ်တန့်လိုက်မယ်ဆိုရင် ဝိတ်ကျလည်းပိုမြန်ပြီး အိပ်လို့ပိုကောင်းလာတာကို တွေ့ရပါတယ်။
Source : Women Health