Breaking News

အရပ်ရှည်စေတဲ့ ဗီတာမင် (၅) မျိုး

play

၁ - ဗီတာမင်ဒီ (vitamin D )
အရိုးတွေကို သန်မာရှည်လျားစေဖို့ အရေးကြီးဆုံး ဗီတာမင် ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့အသက်အရွယ်အလိုက် ထိုက်သင့်တဲ့ ဗီတာမင်ဒီကို ရရှိဖို့ လိုအပ်ပါတယ်။ အရိုးတွေသန်မာကြီးထွားစေဖို့ ကယ်ဆီယမ်ကို ခန္ဓာကိုယ်က ထိရောက်စွာ စုပ်ယူရာမှာ အထောက်အကူပြုပေးရင်း ဗီတာမင်ဒီက အဓိက အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဗီတာမင်ဒီရရှိနိုင်တဲ့ အစားအသောက်တွေကတော့ ခရမ်းချဉ်သီး၊ နွားနို့၊ အာလူးနဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေ ဖြစ်ပါတယ်။ နေရောင်ကနေလည်း လူ့ခန္ဓာကိုယ်ဟာ ဗီတာမင်ဒီကိုရရှိပါတယ်။
၂ - ဗီတာမင် ဘီဝမ်း (Vitamin B1)
play

ဗီတာမင် ဘီဝမ်းဟာ အာရုံကြောစနစ်နဲ့ နှလုံးကို ကျန်းမာစွာ ထိန်းသိမ်းထားဖို့ ကူညီပေးနေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့ ကိုယ်အင်္ဂါတွေဆီ လုံလောက်တဲ့ သွေးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဗီတာမင် ဘီဝမ်းကြွယ်ဝတဲ့ အစားအစာအချို့ကတော့ ဆန်၊ မြေပဲ၊ ဝက်သားနဲ့ ပဲပိစပ်တို့ ဖြစ်ပါတယ်။
၃ - ဗီတာမင် ဘီတူး (Vitamin B2)
play

Riboflavin ကို ဗီတာမင် ဘီတူးအနေနဲ့လည်း သိကြပါတယ်။ အရပ်ရှည်ဖို့အတွက် အရေးပါတဲ့ဗီတာမင်ဖြစ်ပါတယ်။ အရိုး၊ အရေပြား၊ဆံပင်နဲ့ လက်သည်းခြေသည်းတွေ ကြီးထွားစေပါတယ်။ ဗီတာမင် ဘီတူးကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကြက်ဥ၊ ငါး၊ နွားနို့နဲ့ အစိမ်းရောင်း အသီးအရွက်တွေ ဖြစ်ပါတယ်။
၎ - ဗီတာမင် စီ (Vitamin C)
play

ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ကြွယ်ဝပြီး ဖျားနာမှုတွေကိုလည်း တားဆီးပေးပါတယ်။ ငယ်ရွယ်စဉ်မှာ အရပ်ရှည်စေဖို့ ပိုမိုအထောက်အကူဖြစ်ပါတယ်။ ဗီတာမင်စီအတွက် အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အမြောက်အများ စားပေးသင့်ပါတယ်။
၅ - ကယ်ဆီယမ် ( Calcium)
play

ခန္ဓာကိုယ်က အရိုးတွေ လျင်မြန်စွာ ကြီးထွားစေဖို့ အလိုအပ်ဆုံး ဗီတာမင် ဓာတ်ဖြစ်ပါတယ်။ ကယ်ဆီယမ်ဓာတ် ရရှိနိုင်တဲ့ အဓိကရင်းမြစ်တွေက နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ပါတယ်။
Photos & Source: Prevention  Credit :duwun