Breaking News

ရှေ့ဆက်ဘယ်လိုတုံ့ပြန်သွားမလဲ မစဉ်းစားရသေး၊ ၀တ်မှုန်ရွှေရည်က သူလေးစားအားကျရတဲ့သူလို့ မျိုးကိုကိုစန်းပြော


 ဖေ့ဘွတ်စာမျက်နှာတစ်ခု၏ အက်ဒမင်အဖြစ် သံသယရှိကာ လွဲမှားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မျိုးကိုကိုစန်းအနေဖြင့် ဘယ်လိုနည်းနဲ့ တုံ့ပြန်သွားမလဲဆိုသည့်အပေါ် လက်ရှိအချိန်တွင် မစဉ်းစားရသေးကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆယ်​လီဆယ်​လီစ​မော (Cele Cele Small) ​​ဖေ့စ်​ဘွတ်ခ်စာမျက်​နှာ၏ အက်​ဒမင်​အဖြစ်​ သံသယရှိခံခဲ့ရ​သော မျိုးကိုကိုစန်းသည် ဇန်န၀ါရီလ ၂၃ ရက်တွင်  ရန်​ကုန်​မြို့ Orchid ဟိုတယ်​တွင်​ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် တရားစွဲသူအမည်ကို ထုတ်ဖော်မပြောခဲ့ဘဲ တရားစွဲသူဟု သုံးစွဲခဲ့သည်။ သူ၏ဘဝတွင် Admire Person ( သူလေးစားအားကျရတဲ့သူ) မှာ ၀တ်မှုန်ရွှေရည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဂေးလ်​အလှမယ်​ မျိုးကိုကိုစန်းကို ဇန်​နဝါရီလ ၁၇ ရက်​နေ့ ညပိုင်းအချိန်​တွင်​ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရပ်​ဝတ်​ဖြင့်​ရဲများက ဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့ခြင်းဖြစ်သည်။ ၎င်းအား စစ်ဆေးရာတွင် ရန်ကင်းမြို့နယ်ရဲစခန်း၌ သီးသန့်အချုပ်ခန်းဖြင့် ထားရှိခဲ့ကြောင်း မျိုးကိုကိုစန်းက ပြောသည်။

မျိုးကိုကိုစန်းအား Cele cele small Cross Page ၏ Screen Shot များအား သက်သေခံအဖြစ် စစ်ဆေးခဲ့ပြီး  ရဲစခန်းတွင် နှစ်ရက်တာစစ်ဆေးခံရပြီး ဇနန၀ါရီလ ၂၀ ရက် နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူ့အား ပြန်လွှတ်​ချိန်​တွင်​ ခရိုင်​မှူးက မျိုးကိုကိုစန်းအား နှုတ်​ဖြင့်​​တောင်းပန်​စကားပြောခဲ့သည်ဟု မျိုးကိုကိုစန်းက ပြောသည်။

သူ့အားဖမ်းဆီးရာတွင် ဖမ်းဝရမ်းလည်းမပါရှိခဲ့​ကြောင်း၊ တရားစွဲဆိုသူအား ​ နာမည်​ကြီးအနုပညာရှင်​ တစ်​​ယောက်​က စွဲသည်​ဟုသာ သိထား​ကြောင်း သတင်းစာရှင်းလင်းပွဲတွင်​​ပြောကြားခဲ့ပါသည်​။

"တိုက်​ဆိုင်​မှုတစ်​ခု​လောက်​နဲ့ ညီမကို လာဖမ်းတာမဖြစ်​သင့်​ဘူးထင်​တယ်​ ညီမအ​နေနဲ့လည်း သူတို့စိတ်​ရှင်း​အောင်​ လိုက်​သွား​ပေးလိုက်​တယ်​" ဟု ပုဒ်မ ၆၆(ဃ) ဖြင့်​ ဖမ်းဆီးစစ်​​ဆေးခံခဲ့ရသည့်​ ​ဂေလ်းအလှမယ်​ မျိုးကိုကိုစန်းက ​​ပြောသည်​။

ရှေ့ဆက်ပြီး “ ကိုယ်​ကိုယ်​တိုင်​ မတရားစွပ်​စွဲခံထားရသဖြင့်​ သူတပါးကို မတရားမစွပ်​စွဲလိုကြောင်း ၊ ဘယ်လိုနည်းနဲ့ တုံ့ပြန်သွားမလဲဆိုသည့်အပေါ် လက်ရှိအချိန်တွင် မစဉ်းစားရသေးကြောင်း ” မျိုးကိုကိုစန်းက ပြောခဲ့သည်။


Credit :Trend Myanmar