Breaking News

အသားအရေ ကြည်လင်ဝင်းပဖို့အတွက် အကောင်းဆုံးမနက်ခင်း အစားအစာ



ကျွန်ုပ်တို့အားလုံး ကြည်ရှင်းပြီး အပြစ်အနာဆာကင်းတဲ့ အသားအရေမျိုး ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် တခါတလေကျရင် မျက်နှာနဲ့ သင့်တော်မှန်ကန်တဲ့ ပစ္စည်းတွေ လိမ်းတာထက် ကြည်လင်တဲ့အသားအရေမျိုးပိုင်ဆိုင်အောင် လုပ်ရမယ့် အရာတွေရှိနေပါတယ်။ ဒီတော့ ရွန်းစိုလှပပြီး ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုရင် မနက်ခင်းမှာ ဘယ်လိုအစားအစာ သုံးဆောင်ပေးဖို့လိုအပ်တယ်လို့ သင် ထင်ပါသလဲ။ ဒီအချက်နဲ့ ပတ်သက်ပြီး အရေပြားအထူးကျွမ်းကျင်ပညာရှင်တွေ လက်ခံယူထားတဲ့အရာတစ်ခုကို ပြောပြပေးချင်ပါတယ်။

အိုမီဂါ-၃ အဆီအက်ဆစ်ရှိ ဘယ်ဟာမဆို စားသုံးသင့်ပါတယ်။ အဲဒါတွေဟာ ငါးပိန္နဲစေ့၊ နှမ်းကြတ်စေ့ သို့မဟုတ် သစ်ကြားသီး ဖြစ်နိုင်ပါတယ်။ ထောပတ်သီးတွေဟာလည်း ဗက်တီးရီးယားပိုးတွေ နှိမ်နင်းတဲ့ phytonutrients တွေ ပါဝင်တာကြောင့် အထူးကောင်းမွန်တဲ့ အသားအရေ တိုးမြင့်ပေးတဲ့ အရာဖြစ်ပါတယ်။ ဒီ့ပြင် ဒီအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ ဖြည့်စွမ်းပေးပြီး အရေအပြား တိုးတက်ကောင်းမွန်စေပါတယ်။

မနက်ခင်းအချိန်မှာ ဂျုံနဲ့ စီမံပြုလုပ်ထားတဲ့ နံနက်ခင်း စားသောက်ဖွယ်နဲ့ နို့တွေ ခေါက်ထားပြီး အသားအရေကြည်လင်ဝင်းပစေမယ့် ဖော်ပြပါ အစားအစာတွေကို သုံးဆောင်လိုက်ပါ။

Credit :Trend Myanmar