Breaking News

ဦးကိုနီကိုသတ်ဖို့ ကြည်လင်းကို စေခိုင်းသူတစ်ဦးပေါ်ထွက်


play

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဦးကိုနီကို သေနတ်နဲ့လုပ်ကြံရာမှာ ကြည်လင်းကို စေခိုင်းခဲ့သူတစ်ဦးကို စစ်ဆေးဖော်ထုတ်ထားပြီး နောက်ကွယ်က စေခိုင်းသူတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့စေခိုင်းခဲ့သူ ဘုရားခိုးဂိုဏ်းမှ မြင့်ဆွေဆိုသူကိုဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အွန်လိုင်းပေါ်မှာ ပျံနှံ့နေတဲ့ ဦးကိုနီကိုသတ်ခဲ့တဲ့ ကြည်လင်းက ရဲတပ်ဖွဲ့ကိုထွက်ဆိုချက်တွေအရ ထိုင်းနယ်စပ်မှာနေထိုင်တဲ့ မြင့်ဆွေဆိုသူက ဦးကိုနီကို သတ်ပေးရင်  ကားတစ်စီးဝယ်ပေးမယ်ဆိုပြီး စေခိုင်းခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ခိုင်းစေတဲ့ မြင့်ဆွေက ဘုရားခိုးဂိုဏ်းမှာပါဝင်ခဲ့ သူတစ်ဦးဖြစ်ပြီး မန္တလေးတိုင်းရဲ တပ်ဖွဲ့က လိုက်လံရှာဖွေနေကာ သူရဲ့ဇနီးဖြစ်သူကိုပဲရှာဖွေ တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
play

‘‘ကြည်လင်းနဲ့အတူ ဘုရားခိုးမှုကျူးလွန်ဖူးတဲ့သူရဲ့ လိပ်စာ ကိုရှာတော့ မန္တလေးမှာဖြစ်တယ်။ သူ့ရဲ့ဇနီးကိုပဲ တွေ့ခဲ့တယ်။ ဦး မြင့်ဆွေကလည်း မိသားစုနဲ့အ ဆက်အသွယ်ပြတ်နေတာ ၁၁နှစ် လောက်ရှိပြီတဲ့။ သူ့မိန်းမရဲ့ ဖြေ ကြားချက်မှာ ၂၀၀၂ ခုနှစ်လောက် မှာ မြင့်ဆွေက မြ၀တီဘက်မှာ ကြေးသွန်းလုပ်ငန်းလုပ်မယ်ဆိုပြီး  ထွက်သွားတယ်။ ၂နှစ်လောက်လည်းနေရော သူက မိန်းမဆီဆက်သွယ်ပြီး သူ့ကို လူတစ်စုက ဖမ်းသွားတယ်ပြောတယ်။ မိသားစုတွေကလည်း လိုက်သွားတော့ တည်းခိုခန်းတစ်ခုမှာ သူ့ရဲ့အ၀တ်အစားနဲ့မှတ်ပုံတင်ပဲရခဲ့တယ်တဲ့။ အဲဒီကနေစပြီး သေလား၊ ရှင်လားဆိုတာ မသိသေးဘူး။ မြင့်ဆွေကို ရှာရတာက ကြည်လင်းက ဘာကြောင့် လုပ်လဲ၊ ဘယ်သူတွေက ခိုင်းတယ်ဆိုတာ သူကနေတစ်ဆင့် စုံစမ်းဖို့ပါ။ သံသယရှိ နောက်ထပ်တရားခံပုံစံမျိုးနဲ့ ရှာဖွေတာ မဟုတ်ပါဘူး’’လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းရဲအရာရှိတစ်ဦးက ပြောပါတယ်။
‘‘အမှုကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဦးဆောင်ပြီးစစ်ဆေး နေပါတယ်။ လုံခြုံရေးအရ ဘယ် မှာထားပြီး ဘယ်မှာစစ်ဆေးနေ တယ်ဆိုတာတော့ ပြောလို့မရပါ ဘူး။ သတင်းတွေထူးရင်တော့ရန် ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါလိမ့်မယ်’’ဟု မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ် ဦးကပြောသည်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ကြည်လင်းက ဘုရားခိုးမှုနဲ့ ထောင်ဒဏ် ၂၇နှစ် ကျခံခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ မန္တလေးအိုးဘိုထောင်မှ လွတ်မြောက်ခဲ့ကာထောင်ကနေ လွတ်ဖို့ ၁၆ နှစ်ကျန် ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပါတယ်။
Source : 7DayDaily