Breaking News

အမျိုးသားတွေရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အမျိုးသမီးတွေ ထိတွေ့ကိုင်ကြည့်ချင်တတ်ကြသလဲ



ယောက်ျားလေးနဲ့ မိန်းကလေးတွေ အချင်းချင်း မချုပ်တည်းနိုင်တဲ့ အရာများစွာ ရှိပါတယ်။ အရူးအမူးစွဲလမ်းမှု၊ ညှို့ဓာတ်၊ ခုံမင်နှစ်သက်မှု၊ တပ်မက်မှု စတဲ့ ယောက်ျားနဲ့ မိန်းမတွေကြား ဖြစ်ပျက်တဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ ဒီဖြစ်စဉ်မှာ လိင်နှစ်ခုစလုံးအတွက် မချုပ်တည်းနိုင်တဲ့ အရာတွေရှိကြပါတယ်။ ဟောဒီမှာ အမျိုးသမီးတွေ ထိတွေ့ချင်တဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပုခုံး

ဒီနေရာက အမျိုးသားတစ်ဦးရဲ့ ထိတွေ့မှုအများဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပခုံးတောင့်တောင့်လေးကို သဘောကျကြပါတယ်။

ရင်ဘတ်

သပ်သပ်ရပ်ရပ် မီးပူတိုက်ထားတဲ့ ရိုးရိုးရှပ်အင်္ကျီနဲ့ အမျိုးသားတစ်ယောက်ကို တွေ့မြင်ရတာဟာ အမျိုးသမီးတစ်ယောက်ကို မနေနိုင်အောင် စွဲလမ်းစေနိုင်ပါတယ်။ သူ့ရင်ဘတ်ကြီးကို သူမ တစ်နည်းနည်းနဲ့ ကိုင်ကြည့်ချင်မှာ ပါပဲ။

လက်ရုံးကြွက်သား

အမျိုးသားတွေ လက်ရုံးကြွက်သားကို ကြွားလုံးထုတ်ချင်ကြပြီး အမျိုးသမီးတွေ အဲဒါကို ထိတွေ့ချင်ကြတာပါ။ ဒီလက်ရုံးကြွက်သားတွေက အမျိုးသားတွေရဲ့ သန်မာမှုကို အခိုင်အမာသက်သေပြပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေ ဒီနေရာကို ပိုအလေးထား ကစားပေးတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ မိန်းကလေးတွေ ယောက်ျားဆန်ဆန် ဖြောင့်ဖြောင့်တောင့်တောင့်အမျိုးသားတွေကို သဘောကျကြပါတယ်။

လက်

ဒါနေရာက အမျိုးသမီးတွေ ထိကိုင်ချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ကို ဆုပ်ကိုင်ထားတာက မိန်းကလေးတစ်ယောက်ကို လုံခြုံမှုနဲ့ မိမိလက်တွဲဖော်နဲ့ နီးစပ်မှုကို ခံစားစေပါတယ်။

နှုတ်ခမ်း

အမျိုးသမီးတွေဟာ နှုတ်ခမ်းကိုင်ဖို့ နည်းလမ်းတွေရှာကြံပြီး ညှို့ယူဖမ်းစားမှုခံရအောင် လှည့်စားချင်ကြပါတယ်။ နှုတ်ခမ်းကိုင်လို့တောင် မပြီးသေးဘူး အကြည့်လေးနဲ့တင် လှည့်စားခံလိုက်ရပြီလေ။

တင်ပါး

တင်ပါးကိုလည်း မေ့ထားလို့ မရပါဘူး။ မိန်းကလေးတွေ ဒါကို မြင်ချင်တွေ့ချင်တာ အမှန်ပါပဲ။ သူတို့ ဒါကို ထုတ်မပြောပေမယ့် တင်ပါးနေရာဟာ မိန်းကလေးတွေ ထိတွေ့ဖို့ မအောင့်အည်းနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Credit :Trend Myanmar