တင်းနစ်လောကထဲကို မကြာမီပြန်လာတော့မည့် ရှာရာပိုဗာရဲ့ ကောက်ကြောင်းအလှ




နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က တားမြစ်ဆေးအသုံးပြုတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့လို့ နာမည်ကျော် တင်းနစ်မယ် ရှာရာပိုဗာဟာ ကာလရှည် ပွဲပယ်ခံခဲ့ရပါတယ်။ သူမဟာ ဧပြီလ 25 ရက်နေ့မှာ ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်မှာ ဖြစ်ပြီး၊ ယခုနှစ်မှာ ကျင်းပမယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
သူမဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက 15 လတိတိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်ပါတယ်။ သူမဟာ အားလပ်ချိန်တွေမှာ အားကစားကို စိတ်ကြိုက်လုပ်ဆောင်ခဲ့သလို၊ အပန်းဖြေခရီးတော်တော်များများလည်း ထွက်ခဲ့ပါတယ်။ ယခု အင်တာနက်မှာ ရေပန်းစားနေတဲ့ ဘီကီနီအနက်ဝတ်စုံနဲ့ ပုံတွေကတော့ ပြီးခဲ့တဲ့ နှစ်သစ်ကူး အားလပ်ရပ်၊ ဟာဝိုင်အီမှာ အ
ပန်းဖြေခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။
ရှာရာပိုဗာဟာ ဟာဝိုင်အီကို အပေါင်းအသင်းတစ်စုနဲ့ သွားခဲ့ကြပြီး၊ သူမရဲ့ ဓာတ်ပုံတွေကိုတော့ ပရိသတ်တွေက တည်ထောင်ထားတဲ့ အင်စတာဂရမ်ပေါ်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ရှာရာပိုဗာဟာ အသက် 29 နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး လက်ရှိအချိန်ထိ အဖော်မရှာတစ်ကိုယ်တည်း နေနေဆဲ ဖြစ်ပါတယ်။
သူမရဲ့ လက်ရှိအဆင့်ကိုလည်း ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်က ဖြတ်သိမ်းထားပြီး၊ ဧပြီလနောက်ပိုင်းမှာ သူမရဲ့ တင်းနစ်အ
ဆင့်ကို သိရမှာဖြစ်ပါတယ်။ ရှာရာပိုဗာဟာ Meldonium ဆေးကို အသုံးပြုခဲ့ကြောင့် စစ်ဆေးတွေ့ရှိပြီးကတည်းက ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟာဝိုင်အီအပန်းဖြေခရီးစဉ်မှာ သူမနဲ့အတူ အမျိုးသမီးတစ်ယောက်၊အမျိုးသားအဖော်တစ်ယောက်လည်း အတူတူ ပါဝင်ခဲ့ပါတယ်။

Credit :လင်းဇော်ကို (Shwemom)


Share on Google Plus

About Myanmar Magazine