Breaking News

သင့်ကို ပိုဆာစေတဲ့ အစားအသောက် (၄) မျိုး

play

၁ - အသီးဖျော်ရည်
အသီးတွေက ဗီတာမင်နဲ့အမျှင်ဓာတ်တွေကို ထောက်ပံ့ပေးပေမဲ့ ပရိုတိန်းနဲ့ အဆီဓာတ်မပါတာကြောင့် ခန္ဓာကိုယ်ထဲမှာ အလွယ်တကူလောင်ကျွမ်းသွားတတ်ပါတယ်။ အသီးဖျော်ရည်တွေမှာ အမျှင်ဓာတ်လည်း ပါဝင်လေ့မရှိတာကြောင့် သင့်ကို ဘာမှ မစားရသေးသလို ခံစားရစေပါတယ်။
၂ - ကြက်ဥအကာ
play

ကြက်ဥစားတာဟာ ဗိုက်ပြည့်စေပေမဲ့ ကြက်ဥဘေးသားဖြစ်တဲ့ အဖြူသားကိုပဲ စားမယ်ဆိုရင်တော့ ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ကို ခဏလေးသာ ခံစားရမှာ ဖြစ်ပါတယ်။ ကြက်ဥအဖြူသားမှာ ကယ်လိုရီအလွန်နည်းပါးပြီး အဆီလည်း မပါဝင်ပါဘူး။
၃ - အဆီဓာတ်မပါတဲ့ နို့ထွက်ပစ္စည်း
play

အဆီဓာတ်မပါတဲ့ နို့ထွက်ပစ္စည်းတွေစားတဲ့အခါမှာလည်း ဗိုက်ပြည့်သလို ခံစားရမှာ မဟုတ်ပါဘူး။သူတို့မှာ ကယ်လိုရီ အလွန်နည်းပါးပါတယ်။ နွားနို့မှာ ပါလေ့ရှိတဲ့ သကြားဓာတ်ကို ဖြိုဖျက်တဲ့အခါမှာ နှေးကွေးစေမယ့် အဆီလည်း မပါဝင်တာကြောင့် လျင်မြန်စွာ လောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။
၎ - ဆားရည်စိမ်
play

ဆားရည်စိမ် အစားအသောက်တွေက သင့်ကို ပိုဆာစေပါတယ်။ ဆိုဒီယမ်ဟာ ရေပိုဆာစေပြီး ဆာလောင်မှုကိုလည်း ဖြစ်ပေါ်လာစေကာ အစာစားချင်စိတ်ကို ကျေနပ်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအစားအသောက်မျိုးတွေ စားပြီးတဲ့အခါ ရေများများသောက်ပေးဖို့ လိုပါတယ်။
Photos & Source: Prevention  

Credit :duwun