မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒေါသထွက်နေတဲ့ ကန်ဒဲလ်ဂျန်နာ

play

နိုဝင်ဘာလတုန်းက ကန်ဒဲလ်ဂျန်နာဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်ခဲ့တာဟာ မျက်နှာတစ်ခုလုံး ပြန်လည်ပြုပြင်နေရလို့ဆိုတဲ့ အတင်းအဖျင်းစကားတွေကို ကန်ဒဲလ်ဂျန်နာက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြန်လည် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
"တော်တော် စိတ်ပျက်စရာကောင်းတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ ကျွန်မက ဘာလို့ မျက်နှာကို ပြန်ပြင်ဖို့ လိုမှာတဲ့လဲ။ လုံးဝအဓိပ္ပာယ်မရှိဘူး။ တစ်ခါတလေမှာ လူတွေက ကျွန်မကို ရှုံးနိမ့်စေချင်တယ်လို့ ခံစားရတယ်" လို့ အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာက ဆိုပါတယ်။
အဲဒီလို ကောလာဟလတွေ ထွက်ရတာဟာ ညီမဖြစ်သူ ခိုင်လီကို မိတ်ကပ်ပြင်ခွင့်ပေးခဲ့လို့လို့ ခရစ္စနဲ့ ကိတ်လင်းဂျန်နာတို့ရဲ့သမီးကြီး ကန်ဒဲလ်က ဆိုပါတယ်။
play

"မိတ်ကပ်တွေကို မဖျက်ဘဲ အလျင်စလိုနဲ့ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက်ကြီး ကျွန်မတို့ရဲ့ဓာတ်ပုံတွေ ထွက်လာပြီး သတင်းခေါင်းကြီးပိုင်းမှာ 'ဘုရားရေ...ကန်ဒဲလ်က နှုတ်ခမ်းကို ပြုပြင်လိုက်တယ်။ မျက်နှာတစ်ခုလုံးလည်း ပြန်ပြင်ထားတယ်။ သူမရဲ့မေးရိုးကိုကြည့်..သူမရဲ့နှာခေါင်းကိုကြည့်' စသဖြင့် ပါလာတော့တာပဲ" လို့ သူမက စိတ်ပျက်လက်ပျက် ဆိုပါတယ်။
play

ကန်ဒဲလ်နဲ့ ခိုင်လီ ညီအစ်နှစ်ယောက်ရဲ့ ၂၀၁၀ ပြည့်နှစ်က ဓာတ်ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့နှစ်ဦးဟာ တဖြည်းဖြည်းချင်း ပြောင်းလဲလာနေပြီး ငယ်ငယ်တုန်းကနဲ့ လုံးဝမတူတော့သလို ဖြစ်နေပေမဲ့ နှစ်ဦးစလုံးကတော့ ပလတ်စတစ်ဆာဂျရီလုပ်ထားတာ မရှိဘူးလို့ ငြင်းဆန်နေကြတုန်းပါပဲ။
ကန်ဒဲလ်ဟာ ဆိုရှယ်မီဒီယာမှာ လူတွေ ရေးသားကြတဲ့အပေါ်မှာလည်း ခံစားချက်ရှိသူပါ။
"အင်စတာဂရမ်မှာ ကာဒါရှီယန်တွေကို ထိုးနှက်ဖို့ စာမျက်နှာတစ်ခုရှိတာကိုတွေ့တယ်။ Follower တွေလည်း အများကြီးပဲ။ ဒီလူတွေက စိတ်ပျက်စရာကောင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တစ်မိသားစုလုံးကို ရှုံ့ချတဲ့စာတွေ အဲဒီစာမျက်နှာမှာ ပြည့်နေအောင် လူတွေ ကြိုးစားပမ်းစားလုပ်ထားကြတာကို ကြည့်ပြီး စိတ်ပျက်တယ်" လို့ သူမက ဆိုပါတယ်။
"သူတို့ပြောနေတာ လူတိုင်းလိုပဲ ခံစားချက်တွေရှိတဲ့ ကိုယ်ပိုင်ဘဝတွေရှိတဲ့ လူအစစ်တွေအကြောင်းဆိုတာကို လူတွေက မေ့နေတယ်" လို့ ကန်ဒဲလ်က သူ့ရဲ့စကားကို အဆုံးသတ်ခဲ့ပါတယ်။
Source & Photos : Daily Mail  Credit :duwun


Share on Google Plus

About Myanmar Magazine Onilne