Breaking News

ကြည်နူးဖွယ်မြင်တွေ့ရတဲ့ ကန်ဒစ်ဆွန်းနီပိုလ်တို့သားအမိ

play

စူပါမော်ဒယ် ကန်ဒစ်ဆွန်းနီပိုလ်ဟာ ဘီကီနီလေးဝတ်ပြီး ၃ သားအရွယ် သားလေး အန်နာကာနဲ့ ချစ်စဖွယ်ပုံလေးတွေကို အင်စတာဂရမ်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကန်ဒစ်ဟာ ကလေးမွေးပြီးတာ ၁၄ ပတ်သာ ရှိသေးပေမဲ့ ချပ်ရပ်လှပတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။
"Happy 2017 from us" ဆိုတဲ့ စာသားကို ပုံအောက်မှာရေးပြီး ကန်ဒစ်က ဒီဓာတ်ပုံကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အင်စတာဂရမ်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။
play

တောင်အာဖရိကန် မိန်းမချောလေးဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ မီးဖွားပြီးကတည်းကစလို့ သူမရဲ့ Follower ၁၀.၃ သန်းကို သူတို့သားအမိနှစ်ဦးရိုက်ထားတဲ့ ဓာတ်ပုံတွေများစွာ မျှဝေနေခဲ့တာပါ။
စူပါမော်ဒယ်တစ်ယောက်ပီပီ မကြာခဏဆိုသလို ဖော်ချွတ်ဓာတ်ပုံတွေကို ရိုက်ကူးရလေ့ရှိတဲ့ ကန်ဒစ်ဟာ လူကြားထဲမှာ မိခင်တွေ ကလေးနို့တိုက်တာ ရှက်စရာကောင်းတယ်ဆိုတဲ့ အယူအဆကိုလည်း တွန်းလှန်နေသူဖြစ်ပါတယ်။

"အခုခေတ်မှာ အမျိုးသမီးအများအပြားက လူကြားထဲမှာ ကလေးကို နို့တိုက်ဖို့ ရှက်ကြတယ်။ အများပိုင်နေရာတွေမှာ နို့တိုက်ရင်လည်း မောင်းထုတ်ခံရတယ်။ အများပိုင်နေရာတွေမှာ ကျွန်မကလေးကို နို့တိုက်ဖို့အတွက် ရှက်ပြီး ရင်သားကို ဖုံးကွယ်ဖို့ လိုတယ်လို့ ခံစားအောင် လုပ်ခံနေရပေမဲ့ ထူးဆန်းတာက အနုပညာဆိုပြီး ကျွန်မရိုက်ကူးခဲ့တဲ့ အပေါ်ပိုင်းပုံတွေကျတော့ ဘယ်လိုမှ မခံစားခဲ့ရဘူး" လို့ သူမက အင်စတာရမ်မှာ ရေးသားခဲ့ဖူးပါတယ်။
play
ကန်ဒစ်ဟာ အန်နာကာရဲ့ဖခင် ဘရာဇီးမော်ဒယ် ဟာမနန်နီကိုလိုင်နဲ့ ၂၀၀၅ ခုနှစ် အောက်တိုဘာလကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source & Photos : Daily Mail