Breaking News

လာဘ်စားမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာပါဝင်နေဆဲ

play

 မြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု ညွှန်းကိန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် တိုးတက်လာပေမဲ့ ကမ္ဘာ့ခြစားမှုအဆိုးဆုံးနိုင်ငံစာရင်းဝင်အဖြစ် အဆင့် ၁၃၆ မှာ ရပ်တည်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကြီးဖြစ်တဲ့ Transparency International က ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ ခြစားမှုအမြင်ညွှန်းကိန်း ၂၀၁၆ ကို ဇန်န၀ါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာဟာ အဆင့် ၁၃၆ မှာ ရှိနေတာ ဖြစ်ပါတယ်။    ပြီးခဲ့တဲ့၂၀၁၅ ညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၄၇ ရရှိခဲ့ပါတယ်။အရောင်သတ်မှတ်ချက်အားဖြင့် အနီရောင် (ခြစားမှုအဆိုးဆုံး)၊ လိမ္မော်ရောင် (ခြစားမှု အလယ်အလတ်)နဲ့ အ၀ါရောင် (ခြစားမှုအကင်းစင်ဆုံး) ဆိုပြီးရှိရာမှာ မြန်မာဟာ ယခင်အတိုင်း အနီရောင်အဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။
play

ကမ္ဘာ့ခြစားမှုညွှန်းကိန်းအဆင့်(၁) ဟာ ဒိန်းမတ်ဖြစ်ပြီး အဆိုးဆုံးအဆင့် (၁၇၆) ဟာ ဆိုမာလီယာဖြစ်ပါတယ်။ ခြစားမှုအမြင်ညွှန်းကိန်းဆိုတာဟာ ခြစားမှုပမာဏ၊ အမျိုးအစား စတာတွေကို အတိအကျ တိုင်းတာထားတာမဟုတ်ဘဲ နိုင်ငံအသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ နိုင်ငံခြစားမှု အနေအထားအကြောင်းသုံးသပ်ချက်တွေကောက်ယူပြီး ဆန်းစစ်ထားတဲ့ ညွှန်းကိန်းဖြစ်ပါတယ်။
နိုင်ငံအများအပြားမှာ အာဏာရှိသူတွေနဲ့ ခြစားသူတွေက ပြစ်ဒဏ်ကလွတ်ကင်းနေပြီး ဖောဖောသီသီ ဗုံးပေါလအော အလျှံပယ် ခံစားပျော်ရွှင်နေကြချိန်မှာ အဲဒီခြစားမှုကြောင့် ပြည်သူလူထုခမျာမှာတော့ သူတို့အသက်ရှင်ဖို့ အတွက် အခြေခံအကျဆုံး စားဝတ်နေရေး ချို့ငဲ့ဆင်းရဲဒုက္ခ ရောက်နေကြတယ်လို့ နိုင်ငံတကာပွင့်လင်း မြင်သာမှုအဖွဲ့ကြီး (IT) ရဲ့ ဥက္ကဋ္ဌ ဟိုဆေးယူဂက်ဇ်ကပြောကြားထားတယ်လို့ သိရပါတယ်။
play

မြန်မာအပါအ၀င် ခြစားမှုအဆင့် ဆိုးရွားတဲ့ နိုင်ငံတွေမှာ ရဲတပ်ဖွဲ့နဲ့ တရားရေးကဲ့သို့ အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းတွေဟာ ဆိုးရွားစွာ လည်ပတ်နေပြီး ယုံကြည်စိတ်ချအားကိုးလောက်မှု မရှိတာတွေကြောင့် ခြစားမှုအဆင့် ဆိုးရွား စေတယ်လို့ ဆိုပါတယ်။
Source: 7Day Daily
Photos: Photos: Myanmar Centre for Responsible Business, Transparency International