Breaking News

မိမိအသားအရေအမျိုးအစား ဘယ်လိုသိရမလဲ



လူတိုင်းဟာ မိမိအသားအရေအမျိုးအစား  ဘာဆိုတာသိဖို့ အင်မတန်အရေးကြီးပါတယ်။ မိမိအသားအရေ အမျိုးအစားသိတော့မှသာ အသားအရေထိန်းသိမ်းရာမှာ ဘယ်လိုအလှကုန်တွေ ၀ယ်သုံးရမယ်ဆိုတာ သိပါလိမ့်မယ်။ မဟုတ်ရင် ကိုယ့်အသားအရေနဲ့မတည့်တဲ့ အလှကုန်တွေဝယ်သုံးမိပြီး ၀က်ခြံထွက်တာ၊ allergic ဖြစ်တာမျိုးတွေ ကြုံကိုကြံရမှာပါ။ ဒါ့ကြောင့် ကိုယ့်အသားအရေက ဘာအမျိုးအစားမှန်းသိအောင် စစ်ဆေးနည်းလေးပြောပြပေးပါမယ်။ ဒီဆောင်ရွက်ပုံအဆင့်ဆင့်တွေနဲ့ မိမိအသားအရေ ဘယ်လိုအမျိုးအစားဆိုတာ အလွယ်တကူ စစ်ဆေးသိရှိနိုင်ပါတယ်။ လူတော်တော်များများ သူတို့အသားအရေအမျိုးအစားကို မသိဘဲ လွဲမှားစွာ အသားအရေထိန်းသိမ်းမှု ပြုလုပ်နေတာ တကယ်အံ့အားသင့်ဖို့ ကောင်းပါတယ်။

ခြောက်သွေ့တဲ့အသားအရေဟာ အဆီပြန်တဲ့အသားအရေအမျိုးအစားတွေထက် ထိန်းသိမ်းမှု ပုံစံမျိုးစုံ လိုအပ်ပါတယ်။ ဒီတော့ သင့်မှာ ခြောက်သွေ့တဲ့ အသားအရေရှိပါက အဆီပြန်တဲ့ အသားအရေရှိသူတွေနဲ့ ဘာကြောင့် မျက်နှာသစ်ဆေးတစ်မျိုးတည်း အတူသုံးရမှာလဲ။  မိမိအသားအရေ ဘာအမျိုးအစားဆိုတာ သိနိုင်တဲ့ နည်းလမ်းတွေကြည့်ရအောင်။

၁။ သာမန်အသားအရေ

သင့်မှာ ဒီအသားအရေအမျိုးအစားရှိပါက တကယ်ကံကောင်းသူပါပဲ။ ဒီအသားအရေအမျိုးအစားက သိပ်လည်း အဆီမပြန်၊ သိပ်လည်း မခြောက်သွေ့ဘဲ  ထိန်းသိမ်းမှု အနည်းဆုံး လိုအပ်ပါတယ်။ အက်ကွဲလေ့လည်း မရှိပါဘူး။ ဒီအသားအရေမျိုးက တစ်နေတာလုံး တစ်ပုံစံတည်း တွေ့ရပါတယ်။

၂။ အဆီပြန်တဲ့ အသားအရေ

အဆီပျံတဲ့ အသားအရေရှိသူတွေမှာ အထူးသဖြင့် နေ့လယ်အချိန်မှာ သာမန်ထက် အဆီထွက်လေ့ရှိပါတယ်။ ဆားဝက်ခြံ၊ ဝက်ခြံ ပြသနာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ကြေးချွတ်၊ မျက်နှာသစ်ဆေးစတဲ့ ပုံမှန်အလှအပထိန်းသိမ်းမှု လိုအပ်ပါတယ်။

၃။ ခြောက်သွေ့တဲ့ အသားအရေ

ခြောက်သွေ့တဲ့ အသားအရေအမျိုးအစားကို ဘယ်လိုသိရမလဲ။ ခြောက်သွေ့တဲ့ အသားအရေမှာ  ဆန့်လို့ရပြီး ဆောင်းတွင်းဆိုရင် ပြုံးတာစတဲ့ မျက်နှာလှုပ်ရှားနေစဉ် နာကျင်မှု ခံစားရပါတယ်။ ဒီအသားအရေမျိုးက အဖတ်ဖတ် ကွာကျလေ့ရှိပြီး ရုပ်ကျ ပိုမြန်ပါတယ်။ ဒီလို အသားအရေအတွက် ရေဓာတ်ဖြည့်တင်းပြီး အသားအရေစိုပြည်အောင် ထိန်းသိမ်းရပါမယ်။

၎။ နှစ်မျိုးပေါင်းအသားအရေအမျိုးအစား

သူက တချို့နေရာမှာ အဆီပြန်ပြီး တချို့နေရာမှာ ခြောက်သွေ့နေခြင်း ဖြစ်ပါတယ်။ အဆီပြန်မှုအများဆုံး ဖြစ်တတ်တဲ့ နေရာတွေက နှာခေါင်းနဲ့ နာဖူးတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုပေါ်မူတည်ပြီး အသားအရေပြောင်းလဲပါက နှစ်မျိုးပေါင်းအသားအရေ အမျိုးအစား ဖြစ်ပါတယ်။

၅။ ထိခိုက်လွယ်တဲ့ အသားအရေ

ထိခိုက်လွယ်တဲ့ အသားအရေက အဖုအပိမ့် အနီကွက်ထတာ၊ နီမြန်းတာတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလို အသားအရေအမျိုးအစား ပိုင်ဆိုင်ထားပါက အရေပြားဆရာဝန်ဆီ သွားဖို့ လိုအပ်နိုင်ပါတယ်။

Credit :Trend Myanmar