Breaking News



စိတ်ကိုသက်တောင့်သက်သာဖြစ်စေတဲ့ ရုပ်ရှင်အများစုဟာ ကျွန်တော်တို့ ငယ်ဘ၀ကကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေဆိုလည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီရုပ်ရှင်တွေဟာ ကျွန်တော်တို့ကို ရိုးစင်းတဲ့ အချိန်တွေဆီ ပြန်လည်ခေါ်ဆောင်သွားလို့ပါပဲ။ ရုပ်ရှင်တွေကရော အစားအသောက်တွေကပါ ကျွန်တော့်ကို သက်တောင့်သက်သာရှိစေတယ်လို့ ယုံကြည်ထားတဲ့အတွက် ခင်ဗျားတို့ ၀မ်းနည်းနေတဲ့အချိန်တွေမှာ ကြည့်ရှုဖို့ ရုပ်ရှင် (၁၇) ကားကို မျှဝေလိုက်ပါရစေ။

(၁) A League Of Their Own
အမျိုးသမီးတွေ အများကြီး။ ကွဲပြားခြားနားတဲ့ အမျိုးသမီးတွေအများကြီးပါဝင်တဲ့ အမေရိကန် ဘေ့စ်ဘော အသင်းတစ်သင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူတို့ အောင်မြင်မလား။ ကျရှုံးမလား။

(၂) A Cinderella Story
သူမရဲ့ အတန်းဖော်က သူမရဲ့ မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုက သုံးပုံတစ်ပုံနေရာယူထားတယ်ဆိုတာ သတိမှထားမိပါ့မလား။ ကိစ္စမရှိပါဘူး။ မကြည့်ရသေးရင် ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။

(၃)  Mary Poppins
မိန်းမ၀ါဒီ တစ်ယောက်ဖြစ်တဲ့ Mary Poppins ဟာ ယောက်ျားတစ်ယောက်ဆီက အချုပ်အနှောင်တွေငြင်းဆိုခဲ့ပြီး ဇာတ်ဝင်သီချင်းတွေက ယခုအချိန်ထိ ဂန္တ၀င်ရုပ်ရှင်တစ်ကားဖြစ်နေစေတဲ့အဓိကအချက်ပါပဲ။

(၄) Garden State
ဒီရုပ်ရှင်ကားကပေးမယ့် သတင်းစကားကတော့ သင်ကိုယ်တိုင်ပျော်ရွှင်ရဖို့အရေးဟာ ဘယ်သူ့ ဘယ်သူကိုမှ အကြွေးတင်နေခြင်းမရှိဘူးဆိုတာပါပဲ။

(၅) Almost Focus
Cameron Crowe ရဲ့ အထ္တုပ္ပတ္တိအနည်းငယ်ကိုသာ အခြေခံထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ၁၉၇၀ခုနှစ်တွေရဲ့ ရော့ခ်ဂီတကိုပါ တွဲဖက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

(၆) Pretty Woman
ခေတ်သစ်ရဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ပါပဲ။

(၇) The Addams Family
အဖြူအမည်းခေတ်ရဲ့ ရုပ်ရှင်ကို အရောင်တွေ ၊ သေသပ်လှတဲ့ဇာတ်ညွှန်းတွေနဲ့ ပြန်လည်မွမ်းမံထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်လို့ဆိုပါတယ်။

(၈) Father of The Birde
ထွက်သွားခွင့်ပြုဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးတဲ့။ ဒါပေမဲ့။ “ဒါပေမဲ့”ရဲ့နောက်မှာ Father of The Birde ရုပ်ရှင်ရဲ့ အစပဲဖြစ်ပါတယ်။

(၉) Sister Act
ရာဇ၀တ်မှုအစုအဝေး + ခရစ်ယာန် သီလရှင်ကျောင်းတစ်ကျောင်း + Maggie Smith = ရုပ်ရှင်ကပြတဲ့မျက်လှည့်

(၁၀) So I Married An Axe Murderer
၁၉၉၀ခုနှစ်များမှာတော့ အထူးဆန်းဆုံးလို့ပြောစမှတ်တွင်ခဲ့ရတဲ့ ရုပ်ရှင်တစ်ကားပါပဲ။

(၁၁) Jumanji
The Rock နဲ့ Nick Jonas က ပြန်လည်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ Jumanji ကလည်း လွမ်းစရာပေါ့လေ။

(၁၂) Life Size
Tyra Banks က သက်ရှိဘာဘီအရုပ်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူပြောလိုက်တဲ့ စကားလေးတစ်ခွန်းကတော့ “ကြယ်လေးတစ်စင်းလို တောက်ပဖို့ ရှက်ကြောက်မနေပါနဲ့”တဲ့။

(၁၃) Matilda
Matilda Wormwood ရဲ့ ဘ၀အသေးစိပ်ကတော့ ကြောက်စရာတွေချည်းကြုံတွေ့နေခဲ့ရတာပါပဲ။ ဒါပေမဲ့ သူမရဲ့ လိမ္မာပါးနပ်မှုနဲ့ ကြင်နာမှုတွေက အစစအရာရာကို ဖြေရှင်းပေးနိုင်ခဲ့ပါရော။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတဲ့ ရုပ်ရှင်ကားတစ်ကားဟာ အပြင်ဘ၀ထဲမှာဆိုရင်ရော။

(၁၄) Space Jam
တိရိစ္ဆာန်ပေါင်းစုံနဲ့ ဘတ်စကတ်ဘောတွဲကစားနေတဲ့ Bill Murray ရဲ့ သရုပ်ဆောင်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Space Jam ဟာ နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။

(၁၅) Spice World
သူတို့ကြိုက်တာသူတို့လုပ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အကဖွဲ့တစ်ဖွဲ့အကြောင်းဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မှတ်မိလွယ်မယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

(၁၆) The Parent Trap
တစ်ယောက်တစ်နေရာ ရောက်ရှိနေတဲ့ မိသားစုကို အမြွှာမိန်းကလေးနှစ်ယောက်က တစ်စုတစ်စည်းတည်းဖြစ်စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။

(၁၇) You’ve Got Mail
Tom Hanks ငယ်စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး မင်းသမီး Meg Ryan က အားဖြည့်သရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ ။

Credit :Trend Myanmar