ဂျနီဖာလိုပက်စ်ကို ဒေါ်လာ တစ်သိန်းတန် စိန်လည်ဆွဲလက်ဆောင်ပေးတဲ့ ဒရိတ်ခ်

play

အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုပက်စ်နဲ့ အသက် ၃၀ အရွယ် ဒရိတ်ခ်တို့ဟာ ချစ်သူတွေဖြစ်တာ သီတင်းပတ်အနည်းငယ်သာ ရှိသေးပေမဲ့ ဒရိတ်ခ်က ချစ်သူသစ် ဂျနီဖာအတွက် ငွေတွေအများကြီးသုံးပစ်လိုက်ပါတယ်။
ဒရိတ်ခ်ဟာ ဂျေလိုကို ဒေါ်လာ တစ်သိန်းတန် စိန်လည်ဆွဲပေးလိုက်တယ်လို့ UsWeekly မှာ ဖော်ပြထားပါတယ်။
play

ပလက်တီနမ်နဲ့ စိန်တွေ ရောစပ်ပြုလုပ်ထားတဲ့ ယင်းလည်ဆွဲဟာ  Tiffany Victoria ဒီဇိုင်းဖြစ်ကာ ၁၆ ကာရက်ရှိပြီး သစ်တော်သီးပုံစိန်တွေနဲ့ သီကုံးထားပါတယ်။
play

ဒရိတ်ခ်ရဲ့ New Year's Eve ပွဲမှာ ဂျေလိုဟာ ဆွဲထားတဲ့ စိန်ဆွဲကြိုးဟာ ယင်းဆွဲကြိုးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတုန်းက သူမဟာ ဒရိတ်ခ်ရဲ့ ရွှေဆွဲကြိုးကို ဆွဲထားတာတော့ ရိပ်မိသိရှိခဲ့ပေမဲ့ စိန်ဆွဲကြိုးကို ဒရိတ်ခ်က ပေးထားတာဆိုတာကိုတော့ အခုမှ ကြားသိရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် မနက်ခင်းမှာ အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုပက်စ်နဲ့ အသက် ၃၀ အရွယ် ဒရိတ်ခ်တို့ဟာ နှစ်ယောက်တွဲဓာတ်ပုံကို တင်လိုက်ပြီး ချစ်သူတွေဖြစ်သွားပြီဆိုတာ ကြေညာခဲ့ချိန်မှာ အားလုံးတအံ့တသြဖြစ်ခဲ့ရပါတယ်။ ဓာတ်ပုံထဲမှာ ဂျေလိုက ဒရိတ်ခ်ရဲ့ရင်ခွင်ထဲမှာ လှဲနေပြီး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားတာကို မြင်တွေ့ရပါတယ်။ အဲဒီနောက်မှာ ဒရိတ်ခ်ရဲ့ ရည်းစားဟောင်း ရီဟားနားကလည်း ဂျေလိုကို အင်စတာဂရမ်မှာ Unfollowed လုပ်လိုက်ပါတယ်။
Source & Photos : Daily Mail  

Credit :duwun



Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.