ရေမသောက်ဘဲ ရေဓာတ်ရအောင် ဘယ်လိုလုပ်မလဲ

play

လူ့ခန္ဓာကိုယ်ဟာ ရေဓာတ်အများအပြားနဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်အတွက် နေ့စဉ် ရေဓာတ်လိုအပ်ချက်က အနည်းဆုံး ၂ လီတာ ရှိပါတယ်။ ရေမသောက်ဖြစ်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်ရရှိအောင် ရေဓာတ်ပါဝင်တာတွေ စားသုံးပေးလို့ရပါတယ်။ ရေဓာတ်လို့ပြောလိုက်တာနဲ့ ဖရဲသီးကို ပြေးမြင်မိကြမှာပါ။ ဖရဲသီးအပြင် တခြားဘယ်လိုအသီးတွေကများ ရေဓာတ်ဖြည့်ပေးနိုင်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
play

၁။ သခွားသီး
ရေဓာတ်ပါဝင်မှု အမြင့်မားဆုံးအသီးလည်းဖြစ်ပါတယ်။ ရင်အေးစေတဲ့ သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ သခွားသီးကို ဒိန်ချဉ်၊ ပူစီနံလေးနဲ့ရောပြီး Blender နဲ့ထည့်ကြိတ်ကာ သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေပါလိမ့်မယ်။
play

၂။ တလည်းသီး
အရွယ်တင်နုပျိုစေတဲ့ တလည်းသီးရဲ့စွမ်းအင်တွေထဲမှာ ရေဓာတ်ဖြည့်ပေးနိုင်စွမ်းလည်း ရှိနေပြန်ပါသေးတယ်။ တလည်းသီးမှာ ရေဓာတ် ၈၂ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။
play

၃။ စောင်းလျားသီး
အပူပိုင်းဒေသထွက် သစ်သီးမျိုးဖြစ်ပါတယ်။ ရေဓာတ် ၉၁.၄ ရာခိုင်နှုန်း ပါဝင်နေတဲ့ စောင်းလျားသီးက နှလုံးကျန်းမာရေးကိုလည်း အားကောင်းစေနိုင်ပါသတဲ့။ အနက်ရောင်ချောကလက်၊ ဝိုင်နီနဲ့ လက်ဖက်စိမ်းတို့မှာ ပါဝင်တဲ့စွမ်းအင်လိုမျိုး နှလုံးအတွက် ကောင်းမွန်တဲ့ အက်ပီကိတ်ချင်ဓာတ်တွေ ပါဝင်ပါတယ်။
Source : Health   

Credit :duwun


Share on Google Plus

About Myanmar Magazine Onilne