အရပ်ချင်းမကွာတဲ့ လူတွေ ဘာကြောင့်အတွဲများတာလဲ


play

Genome Biology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရ သင့်အရပ်အရွယ်အစားကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇတွေဟာ ကြင်ဖက်ကိုရွေးတယ့်အခါမှာ အရပ်ကိုကြည့်ပြီးရွေးအောင် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လူတွေဟာ သူတို့နဲ့အရပ်ချင်းသိပ်မကွာတဲ့ လက်တွဲဖော်တွေကိုရွေးချယ်လေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
play

အဆိုပါတွေ့ရှိချက်ဟာ အံ့သြစရာမရှိကြောင်းနဲ့ အရပ်အရှည်ဟာ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုမှာ အရေးပါတဲ့ ဇီဝဗေဒဖြစ်စဉ်ဖြစ်ပြီး ဒါကြောင့်လည်း ၅ ပေ ၂ လက်မလောက်ရှည်တဲ့အမျိုးသမီးဟာ  ၆ ပေလောက်ရှိတဲ့ယောက်ျားနဲ့ တွဲလာတာကို သိပ်မတွေ့ရတာဖြစ်တယ်လို့ New York ဆေးပညာကော်လိပ်က ဒေါက်တာ ဒေးဗစ်မောစကိုဝစ်က ပြောပါတယ်။ သုတေသနဟာ လူပေါင်း ၁၃၀၀၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။
Photo & Source: Glamour
Share on Google Plus

About Myanmar Magazine