Breaking News

အကျက်လွန်တဲ့ အစားအစာတွေက ကင်ဆာရောဂါအန္တရာယ်ဖြစ်စေနိုင်



အရမ်းမြင့်တဲ့ မီးအပူမှာ ကြော်လှော်ချက်ပြုတ်ထားတဲ့ အစားအစာတွေက ကင်ဆာရောဂါဖြစ်ပွားစေကြောင်း လေ့လာမှုတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အပူချိန်မြင့်မြင့်နဲ့ အချိန်ကြာမြင့်စွာ ချက်ပြုတ်ထားတဲ့ ကစီဓာတ်ကဲအစားအစာတွေ စားသုံးမှုလျှော့ချဖို့ ယူကေနိုင်ငံရဲ့ အစားအသောက်ရေးရာဝန်ကြီးဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။

ပေါင်မုန့်၊ အာလူး၊ အမြစ်/ဥနဲ့ ဂျုံအဓိကသုံး အစားအစာတွေကို မြင့်မားတဲ့အပူချိန် ၂၄၈ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ထိုထက်များတဲ့ အပူချိန်နဲ့ ချက်ပြုတ်ပြင်ဆင်တဲ့အခါ အဆိပ်အတောက်တွေ ဖြစ်ပွားစေကြောင်း သုတေသီတွေက ဆိုပါတယ်။ အစားအသောက်တွေကို အနေတော်လေးသာ ကြော်လှော်ချက်ပြုတ်ဖို့ သိပ္ပံပညာရှင်တွေ အကြံပြုထားပါတယ်။

Acrylamide ပမာဏ မြင့်တက်စေလို့ အာလူစိမ်းတွေကို ရေခဲသေတ္တာထဲမထည့်ဖို့ စားနပ်ရိက္ခာစံအေဂျင်စီ FSA က အကြံပြုခဲ့ပြီး အပူချိန် ၄၂ ဒီဂရီဖာရင်ဟိုက်ကျော်ရှိ မှောင်ပြီး အေးတဲ့နေရာမှာ ထိန်းထားဖို့ အကြံပေးထားပါတယ်။

Credit :Trend Myanmar