Breaking News

ဆံပင်ကို ဘယ်လောက်ကြာရင် တစ်ခါပြန်ညှပ်ပေးသင့်လဲ



အမျိုးသမီးတွေကို ဆံပင်ကို ဘယ်လောက်ကြာရင် ပြန်ညှပ်သလဲလို့မေးကြည့်ပါ။ အဖြေအမျိုးမျိုး ကြားရပါလိမ့်မယ်။ အကောင်းဆုံးက ၆ ပတ်ကနေ ၈ ပတ်အတွင်းဆိုပေမယ့် တကယ်တမ်း မိမိဆံပင်သားနဲ့ ဆံပင်အနေအထားပေါ် မူတည်ပါတယ်။

ဒီတော့ ဆံပင်ပြန်ညှပ်သင့်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဆယ်လီ ဆံပင်အလှဖန်တီးရှင် Paul Norton ရဲ့ ပြောဆိုချက်အရ ဘယ်ချိန်မှာ ဆံပင်ပြန်ညှပ်သင့်လဲ သိချင်ရင် မိမိကိုယ်ကိုယ် မေးခွန်းထုတ်စရာ (၂) ချက်ရှိပါတယ်။ (၁) မိမိလိုချင်တဲ့ စတိုင်ဖြစ်နေသေးရဲ့လား။ (၂) ဆံပင်ဖျားတွေ သိသိသာသာ ပျက်စီးနေပြီလားဆိုတဲ့ အချက် (၂) ချက်ပဲ ဖြစ်ပါတယ်။

ဒီမေးခွန်းနှစ်ခုကို မိမိကိုယ်မိမိ ၃ပတ်၊ ၈ပတ် သို့မဟုတ် ၁၂ ပတ် တစ်ကြိမ် မေးဖို့ အကြံပြုထားပါတယ်။ ပြီးတော့ မေးခွန်းနှစ်ခုထဲက တစ်ခုခုကို “yes” လို့ အဖြေရရင် ဆံပင်ညှပ်ဖို့ အဆင်ပြေတဲ့ရက်တစ်ရက် ရွေးချယ် သတ်မှတ်လိုက်ပါ။

Credit :Trend Myanmar