သမ်းဝေခြင်းဟာ မိန်းမတွေကြားမှာ ပိုအကူးမြန်

play

သမ်းဝေတာနဲ့ ပက်သက်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုကူးလွယ်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ အခန်းတစ်ခန်းမှာ တစ်စုံတစ်ယောက်သမ်းဝေရင် ကျန်တစ်ယောက်ကလည်း လိုက်လံသမ်းဝေတတ်ကြတာဟာ လူအများသိပြီးသားဖြစ်ပေမဲ့ အခုလေ့လာမှုကတော့ တစ်စုံတစ်ယောက်သန်းဝေရင် အမျိုးသမီးတွေက ပိုမိုတုံ့ပြန်သမ်းဝေတတ်ကြတယ်လို့ ဆိုပါတယ်။
play

အဆိုပါသုတေသနကို အီတလီနိုင်ငံ  Pisa တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေဟာ တစ်ဖက်သားရဲ့ စိတ်ကို ပိုမိုစာနာနားလည်တတ်မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သုတေသနတစ်ခုမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် လူတစ်ဖက်သားရဲ့စိတ်ကို ပိုမိုနားလည်စာနာနိုင်တယ်လို့တွေ့ရှိထားတာဖြစ်ပြီး အခုသုတေသနအတွက် အလုပ်အမျိုးမျိုးနဲ့ လူမှုဆက်ဆံရေးအခြေအနေအမျိုးမျိုးမှာ ငါးနှစ်ကြာအချိန်ယူစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Photos & Source: Daily Mail 
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.