ချစ်သူက တစ်ကိုယ်ကောင်းဆန်သူမှန်း သိနိုင်တဲ့ အချက် (၁၁) ချက်

play

အဲဒီလိုလူမျိုးနဲ့ တစ်သက်လုံးနေသွားမယ်ဆိုရင် သင့်ဘဝက ဘယ်လိုမှ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ကိုယ်က ချစ်တယ်ဆိုပေမဲ့ ရေရှည်မှာ သင့်ရင်ထဲ အမုန်းတွေ ပွားလာနိုင်ပြီး တစ်ရက်မှလည်း ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ သင့်ချစ်သူက တစ်ကိုယ်ကောင်းဆန်သူမှန်း သိနိုင်တဲ့အချက်တွေကတော့...
၁။ တစ်ခုခုဆို သူက မလုပ်တတ်ချင်ယောင်ဆောင်ပြီး သင့်ကိုပဲ လုပ်ခိုင်းလိမ့်မယ်။
၂။ သင်လိုချင်တာ ဒါမှမဟုတ် သင်လိုအပ်တာ တစ်ခုခုကို သူဝယ်ပေးလိုက်ရလို့ သင်လည်း သူ့ကို တစ်ခုခုပြောပေးဖို့ လိုတယ်လို့ သွယ်ဝိုက်ပြီး သူပြောလိမ့်မယ်။
၃။ သင့်ရဲ့ လိုအပ်ချက်တွေကို အလေးမထားဘူး။ သင့်ကို တောင်းဆိုမှု အရမ်းများတယ်လို့ ပြောလိမ့်မယ်။
play

၎။ အတူနေကြတာဆိုရင် သင့်ကိုပဲ အကုန်လုပ်စေချင်လိမ့်မယ်။ သူကတော့ ဘာမှလုပ်မှာမဟုတ်ဘူး။
၅။ သူ့အကြောင်း၊ သူ့လိုအပ်ချက်တွေအကြောင်း၊ သူ့ခံစားချက်တွေအကြောင်းပဲ ပြောတယ်။
၆။ သင့်ရဲ့ခံစားချက်တွေကို မျှဝေခံစားလိုစိတ်မရှိဘူး။
၇။ ကိုယ်ဖြစ်ချင်တာတွေကို ညှိနှိုင်းတဲ့အခါ လက်မခံဘူး။
play

၈။ ဘယ်သူမှားမှား သူက ဘယ်တော့မှ မတောင်းပန်ဘူး။
၉။ သူ့ပစ္စည်းက သူ့ပစ္စည်း၊ သင့်ပစ္စည်းကလည်း သူ့ပစ္စည်းပဲ။
၁၀။ သင့်ကိစ္စပဲဖြစ်ဖြစ် သူ့ကိစ္စပဲဖြစ်ဖြစ် သူပဲ ဆုံးဖြတ်မယ်။ သင်သဘောတူတူ မတူတူ။
၁၁။ သင်က သူ့ကို ထားသွားချင်လာတဲ့အခါ သင့်ကို ခြိမ်းခြောက်လာလိမ့်မယ်။
Source & Photos : Life  Credit :duwun
Share on Google Plus

About Myanmar Magazine