Breaking News

အရင်ကထက် ပိုလှလာတဲ့ ဆယ်လီနာဂိုးမက်စ်

play

လော့ဆန်းဂျလိစ်မှာ ဂျင်းဘောင်းဘီပွလေးနဲ့ ဆွယ်တာအပြာလေးဝတ်လို့ လမ်းလျှောက်ထွက်လာတဲ့ ဆယ်လီနာရဲ့ပုံစံလေးဟာ ကြည်လင်လန်းဆန်းနေတာကို တွေ့ရပါတယ်။
ဆယ်လီနာဟာ လက်ကိုင်အိတ်ကို လက်တစ်ဖက်ကကိုင်ကာ ကော်ဖီခွက်ကို နောက်လက်တစ်ဖက်နဲ့ ကိုင်ရင်း ကားဆီကို သွားနေတာကို မြင်တွေ့ရတာပါ။
ဆယ်လီနာဟာ ဆက်ထားတဲ့ဆံပင်တွေလည်း မရှိဘဲ ပခုံးအထိရှည်တဲ့ သူမရဲ့မူရင်းဆံပင်ကို လှိုင်းတွန့်ပုံကောက်ထားတာလေးက သူမနဲ့ အတော်လိုက်ဖက်တဲ့ ဆံပင်ပုံစံပါပဲ။
play

အသက် ၂၄ နှစ်အရွယ် အဆိုတော်မလေးဟာ စိတ်ကျရောဂါကြောင့် ပြန်လည်ထူထောင်ရေးစခန်းကို သွားခဲ့ရပြီးနောက် ပြန်မြင်တွေ့ရချိန်မှာ အရင်နဲ့မတူဘဲ လန်းဆန်းလှပလာတာ အရမ်းကို သိသာလှပါတယ်။
အရင်က ကလေးတစ်ယောက်လို မျက်နှာဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းခဲ့တဲ့ ဆယ်လီနာဟာ အခုတော့ မျက်နှာလေး သွယ်လျကာ ပိုပြီးလှပလာတာကို မြင်တွေ့ရတာပါ။
play

စိတ်ကျရောဂါခံစားရလို့ အနားယူခဲ့ရတဲ့ ဆယ်လီနာဟာ အခုတော့ အတော်လေး နေကောင်းကာ စိတ်ဓာတ်တွေ တက်ကြွနေပုံပါပဲ။ သူမဟာ ဒီလထဲမှာပဲ The Weeknd နဲ့ ချစ်သူတွေဖြစ်ကာ အချစ်ရေး အဆင်ပြေနေတယ်လို့ သတင်းတွေ ကြားခဲ့ရပြီးနောက် အင်စတာဂရမ်ကနေ အတွင်းခံဘောင်းဘီလေးပဲ ဝတ်ထားပြီး ဆက်စီကျလှတဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့သလို သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုရင်း မြူးကြွနေပုံကို အင်စတာဂရမ်ကနေ မြင်တွေ့ခဲ့ရပါတယ်။

ဆယ်လီနာတစ်ယောက် စိတ်သစ်လူသစ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာတာ ဝမ်းသာစရာပါပဲ။
Source & Photos : Mirror  

Credit :duwun