Breaking News

မြေးတွေကိုထိန်းတဲ့ ဘိုးဘွားတွေက ပိုပြီးအသက်ရှည်နိုင်

play

မြေးတွေကို ကူညီထိန်းကျောင်းပေးတဲ့ ဘိုးဘွားတွေဟာ လူတွေကိုဂရုမစိုက်တတ်တဲ့ အခြားသက်ကြီးရွယ်အိုတွေထက် ပိုပြီးအသက်ရှည်ကြတယ်လို့ လေ့လာမှုတစ်ခုကဖော်ထုတ်လိုက်ပါတယ်။ မြေးတွေကို အချိန်ပြည့်ထိန်းခြင်းဟာ ဘိုးဘွားတွေရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်တာ လုံးဝမရှိနိုင်ဘူးလို့လည်း သိရပါတယ်။
play

ဆွေမျိုးသားချင်းတွေ သို့မဟုတ် သူစိမ်းတွေကို ကူညီပေးတတ်သူတွေဟာ နေရမယ့်သက်တမ်းထက် ၇ နှစ် ပိုပြီးအသက်ရှည်ကြတယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။ "မြေးတွေနဲ့ အဆက်အသွယ်လုံးဝမရှိတာက ဘိုးဘွားတွေအတွက် ကျန်းမာရေးမှာ မကောင်းတဲ့သက်ရောက်မှုရှိစေတယ်"လို့ လေ့လာမှုကိုဦးဆောင်သူဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်လ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆွန်ဂျာဟီလ်ဘရန်းက ပြောပါတယ်။ ၁၉၉၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ အသက် ၇၀ ကျော်သူ ၅၀၀ ကျော်ရဲ့ အချက်အလက်တွေကို ၂ နှစ် တစ်ကြိမ်နှုန်း ရယူခဲ့ပြီး လေ့လာမှုရလဒ်ကို Evolution and Human Behavior ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Source : Daily Mail Credit :duwun