Breaking News

ချစ်သူရည်းစားတွေရဲ့နာမည်ကို တက်တူးထိုးပြီး ပြတ်သွားခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင် ( ၇ ) ဦး



ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံးစွဲကျန်မယ့်အရာတစ်ခုဖြစ်တဲ့ တက်တူးထိုးတဲ့အခါ ကိုယ့်ချစ်သူနဲ့ပတ်သက်တဲ့အရာ၊ နာမည်တွေကို အမှတ်တရ ထိုးချင်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုထိုးလိုက်လို့ ဒီအတွဲကတစ်သက်လုံးမြဲမယ်လို့တော့ ပြောလို့မရပြန်ပါဘူး။ ထိုးပြီးမှ ကွဲသွားကြတဲ့သူတွေ အများကြီးဖြစ်သလို cover up ပြန်လုပ်လိုက်ရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ခုပြောပြမယ့် အနုပညာရှင်တွေကလည်း သူတို့ချစ်သူနာမည်တွေကို ရေးထိုးပြီး လမ်းခွဲပြတ်ဆဲခဲ့ကြသူတွေပါ။
 
Angelina Jolie 
ကမ္ဘာကျော်သရုပ်ဆောင် Jolie ကတော့ Billy Bob နဲ့ ဒိတ်လုပ်နေတဲ့အချိန် လက်မောင်းမှာ Billy Bob ဆိုပြီး နာမည်ရေးထိုးခဲ့ပါတယ်။ သူတို့နှစ်ယောက်ပြတ်သွားတဲ့အချိန်မှာတော့ နာမည်ကို လုံးဝဖယ်ရှားလိုက်ပြီး သူ့ကလေးတွေရဲ့ မွေးသက္ကရာဇ်တွေ ထိုးလိုက်တာ တွေ့ရပါတယ်။ 
 
Rihanna
အဆိုတော် Rihanna ကတော့ Chris Brown နဲ့ ဒိတ်လုပ်နေချိန်အတွင်း လည်ပင်းအနောက်ဘက် လည်ဂုတ်ပေါ်မှာ Chris Brown နဲ့အတူ ကြယ်ပွင့်သေးသေးလေးတွေ ဆင်တူထိုးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ပြတ်သွားကြပြီး  ကြယ်တွေကို ပိုများအောင် ထပ်ဖြည့်လိုက်ပါတယ်။
 
Kaley Cuoco
The Big Bang Theory မင်းသမီး Kaley Cuoco ကတော့ သူမရဲ့အမျိုးသား Ryan Sweetingနဲ့ မင်္ဂလာဆောင်တဲ့နေ့စွဲကို ကျောဘက်မှာ ထိုးထားခဲ့ပြီး ပြတ်သွားချိန်မှာတော့ လိပ်ပြာနဲ့ပြန်အုပ်လိုက်ပါတယ်။ 
 
Iggy Azalea
 ဒီအဆိုတော်ရဲ့ လက်ချောင်းဘေးဘက်တွေမှာ ရက်ပါ ASAPနဲ့ ချစ်ကြိုက်နေချိန်အတွင်း Live Love A$AP ဆိုပြီး ထိုးထားပေမယ့် ကွဲသွားချိန်မှာတော့ A$APရဲ့အပေါ်မှာ ကြက်ခြေခတ်ခြစ်ပစ်လိုက်ပါတယ်။
 
Zayn Malik 
ပျိုမေတို့အသည်းစွဲ One Direction ရဲ့အဖွဲ့ဝင်ဟောင်း Zayn Malik ကလည်း သူ့ရဲ့ရည်းစားဟောင်း  Perrie Edwards နဲ့ချစ်ကြိုက်ချိန်က ချစ်သူကောင်မလေးရဲ့ ပုံတူကာတွန်းကို လက်မောင်းမှာ ထိုးခဲ့ပြီး ပြတ်သွားချိန်မှာတော့ အဲ့ဒီပုံကို cover up လုပ်လိုက်ပါတယ်။
 
Keith Urban
Keith ဟာ မော်ဒယ် Niki Taylor နဲ့ချစ်ကြိုက်နေချိန်တုန်းက Amor Vincit Omnia ဆိုတဲ့ဆင်တူတက်တူးထိုးခဲ့ကြတာပါ။ နောက်ပိုင်း သူတို့ပြတ်သွားခဲ့ကြပြီး Keith နဲ့ Nicole Kidman နဲ့ဒိတ်လုပ်ကြတဲ့အချိန်မှာပဲ Keith က သူ့ရဲ့တက်တူးကို ကနုတ်တွေနဲ့ ဖုံးပစ်ခဲ့ပါတယ်။
 
Mariah Carey
ကမ္ဘာကျော် အဆိုတော် Mariah Carey ရဲ့ ခါးနောက်ဘက်မှာ သူနဲ့ Nick Cannon လက်ထပ်ခဲ့ချိန်က Nick ဆိုတဲ့နာမည်ကို တက်တူးရေးထိုးခဲ့ဖူးပါတယ်။ နောက်ပိုင်း ကွာရှင်းပြီးတဲ့နောက်မှာတော့ အဲ့ဒီနာမည်ကို လိပ်ပြာနဲ့ cover up လုပ်ပစ်ခဲ့ပါတယ်။
 
Ref:cosmopolitan