Breaking News

ခွင့်လွှတ်မေ့ပျောက်နိုင်ဖို့ ဘယ်လိုကျင့်ယူမလဲ

play

မေ့ပျောက်ဖို့ထက် ခွင့်လွှတ်ဖို့က ပိုလွယ်တယ်လို့ တချို့က ဆိုပေမဲ့ တချို့ကတော့ ခွင့်လွှတ်နိုင်ပေမဲ့ မမေ့နိုင်ဘူးလို့ ပြောကြတယ်။ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် တစ်ခါတလေမှာ တချို့သော ကိစ္စရပ်တွေမှာ ခွင့်လွှတ်မေ့ပျောက်ဖို့ ဆိုတာ ခက်ပေမဲ့ ကိုယ့်ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ အတွက် ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်နိုင်ဖို့ မေ့ပျောက်သင့်တာကို မေ့ပျောက်နိုင်ဖို့ လိုအပ်ပါတယ်။
အဲဒီလိုလုပ်ဖို့ ခက်ခဲနေသူတွေအတွက် အဆင်ပြေစေဖို့ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါလိမ့်မယ်။
play

ခွင့်လွှတ်နိုင်ဖို့အတွက် ဒီလိုတွေးပါ။
အဲဒီအဖြစ်အပျက်တွေကို ခေါင်းအေးအေးနဲ့ လက်ခံပြီး ပြန်စဉ်းစားကြည့်ပါ။ သင့်အပေါ် မကောင်းခဲ့တဲ့သူတွေကို ပြန်စဉ်းစားကြည့်ပါ။ အရာရာ ပြည့်စုံကောင်းမွန်နေတဲ့ သူမရှိဘူးဆိုတာကို သတိရပါ။ အဲဒီလူအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပါ။ အဲဒါက သူတို့အတွက် မဟုတ်ပါဘူး။  ကိုယ့်အတွက်ပါ။
"ငါ နင့်ကို ခွင့်လွှတ်တယ်။ ဒီနာကျင်မှုကို ငါမဖက်တွယ်ထားတော့ဘူး။ ငါ့ကိုယ်ငါ ဒီကိစ္စကနေ လွတ်လပ်ခွင့်ပေးလိုက်ပြီ" စတဲ့ စကားမျိုးကို အသံထွက်ပြီး ပြောကြည့်ပါ။ အဲဒီအခါ နာကျင်မှုကနေ အနည်းငယ်သက်သာရာရသွားပြီး လွတ်လပ်ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။
play

မေ့ပျောက်နိုင်ဖို့အတွက် ဒီလိုတွေးပါ။
မမေ့ပျောက်နိုင်ခြင်းဆိုတာ သတိရခြင်းတစ်မျိုးပဲ။ စဉ်းစားကြည့်ပါ။ ကိုယ့်ကို နာကျင်အောင် လုပ်တဲ့သူကို သင်တကယ်ပဲ သတိရနေချင်ရဲ့လား။ ကိုယ်နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်ကို ခဏခဏ တွေးချင်ရဲ့လား။ အဲဒီလို သတိရနေတဲ့အတွက် ပူလောင်လှပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ အတွေးတွေထဲမှာ ပျော်ရွှင်စရာတွေပဲ လွှမ်းမိုးစေပြီး နာကျင်ခဲ့ရတာတွေကို မတွေးမိအောင် နေပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ကိုယ့်ရဲ့ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။
Source & Photos : Life