Breaking News

ဝေဖန်မှုတွေကို လက်ကမ်းကြိုဆိုသူက နန်းခင်ဇေယျာ

play

အလှမယ် နန်းခင်ဇေယျာကတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖြစ်တဲ့ "Non-stop" MTV ကတော့ ပရိသတ်တွေကြိုက်နှစ်သက်သလို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံနေရပါတယ်။ သူမအခွေထဲမှာ ပါဝင်တဲ့ "အိမ်ပြန်ချိန်အရွာတိတ်ပါမိုး" သီချင်းနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ကြားနေရပါတယ်။ ဒါပေမယ့်လည်း ဝေဖန်မှုတွေကို နန်းခင်ဇေယျာက လက်ခံကြိုဆိုလျက်ပါလို့ ဆိုလိုက်ပါတယ်။

အဲ့ဒီသီချင်းအတွက် ဒါရိုက်တာ ဝင်းလွင်ထွက်နဲ့အတူ တိုင်ပင်ကာ လွတ်လပ်ရေးမရခင်ခေတ်ပုံစံကို ရိုက်ကူးထားတာ ဖြစ်သလို အဲ့ဒီသီချင်းထဲမှာ ပါဝင်တဲ့ ချစ်ခန်းကြိုက်ခန်းနဲ့ ပတ်သတ်လို့ ပရိသတ်တွေဝေဖန်မှုကို ခံရတာလည်း ဖြစ်ပါတယ်။
play

နန်းခင်ဇေယျာရဲ့ "Non-stop" MTV ကို ဒီဇင်ဘာ(၂၅)ရက်နေ့က Bo Bo Music Production ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိပေးခဲ့တာလည်း ဖြစ်ပါတယ်။ Miss Myanmar International 2012 အလှမယ် တစ်ယောက်ဖြစ်ခဲ့တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဖြစ်နေသလို အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေသလို ပွဲတွေမှာလည်း သီချင်းများ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။
Source : 7day TV
Photo  : နန်းခင်ဇေယျာ ဖေ့စ်ဘွတ်