ဆောင်းရာသီမှာ အသားရေခြောက်သွေ့မှုဖြစ်စေတဲ့ အရာများ



ဆောင်းရာသီရောက်ပြီဆိုရင် အသားရေ ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ လေထုအတွင်း စိုထိုင်းမှုလည်း လုံးဝမရှိ၊ အပူချိန် လျှော့နည်းတဲ့သဘောကို အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ခုပြောပြပေးချင်တာက အသားရေ ပိုမိုခြောက်သွေ့ပြီး ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။

၁။ ရေနွေးနဲ့ ရေချိုးခြင်း

ဆောင်းရာသီမို့  အေးတာ မှန်ပေမယ့် မနက်ခင်း အချိန်ကြာကြာ ရေနွေးနဲ့ ရေချိုးခြင်းနဲ့ နေ့ဘက် အသားရေခြောက်သွေ့ပြီး ယားယံမှုနှစ်ခုကြား တိုက်ရိုက်ပတ်သက်ဆက်နွယ်မှုကို သိဖို့ လိုအပ်ပါတယ်။ ရေက အသားရေစိုပြေစေတဲ့အရာလို့ သတ်မှတ်ထားတာရှိပေမယ့် ဒီနေရာမှာ ပြသနာဖြစ်စေကြောင်း အရေပြားဆိုင်ရာ အထူးကျွမ်းကျင်သူတွေ ထောက်ပြခဲ့ကြပါတယ်။

ရေနွေး မကောင်းတဲ့ အကြောင်းအရင်း (၂) ခုရှိပါတယ်။

ပထမတစ်ချက်က သဘာဝအဆီတွေ ဖယ်ရှားမှု သိပ်များလွန်းနေလို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရေနွေးဟာ သွေးလည်ပတ်မှု နှေးကွေးစေလို့ပဲ ဖြစ်ပါတယ်။

၂။ အရေပြားဆဲလ်သေတွေ ဖယ်ရှားခြင်း

အသားရေခြောက်စေတဲ့ အဆိုးဆုံးအရာက အရေပြားဆဲလ်သေတွေ ရှင်းလင်းပစ်တာပဲ ဖြစ်ပါတယ်။ အရေပြားဆဲလ်သေတွေ ရှင်းလင်းခြင်းက အရေပြား ကျိန်းစပ်မှုသာ ဖြစ်ပွားစေပါတယ်။ အဲဒီအစား လုပ်သင့်တာက ရေများများသောက်၊ ရေအေးနဲ့ ရေချိုး၊ မကုတ်ခြစ်မိအောင် နေပြီး အလှဆီလိမ်းပေးဖို့သာ ဖြစ်ပါတယ်။

၃။ အပြင်းစား အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်း

ဆောင်းရာသီမှာ အသားရေခြောက်သွေ့မှု ဖြစ်တတ်ပါက မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေ မဖြစ်မနေ သတိထားရပါမယ်။ အသားရေ ခြောက်သွေ့စေလို့ မျက်နှာလိမ်းတိုနာလို alcohol ပမာဏ မြင့်မားတဲ့ အလှကုန်ပစ္စည်းတွေ မသုံးပါနဲ့။ ပြီးတော့ အသားရေအစိုဓာတ်တွေ ရှင်းလင်းပေးတဲ့ အပြင်းစား cleanser တွေ ရှောင်ပါ။ မျက်နှာအတွက် cleanser အပျော့သာ သုံးပါ။ ခန္ဓာကိုယ်အတွက် cream bar soap ဒါမှမဟုတ် body wash ကို အသုံးပြုရပါမယ်။

Credit :Trend Myanmar




Share on Google Plus

About Myanmar Magazine