စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာထက် ချမ်းသာတဲ့ ညီမဖြစ်သူ ခိုင်လီဂျန်နာ

play

အသက် ၁၉ နှစ်အရွယ် ခိုင်လီဂျန်နာဟာ ကာဒါရှီယန်မိသားစုမှာ ကင်မ်ကာဒါရှီယန်ပြီးရင် အချမ်းသာဆုံးဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဆိုပါတယ်။
ခိုင်လီဂျန်နာဟာ Forbes ရဲ့ အသက် ၃၀ နှစ်အောက် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Kylie နှုတ်ခမ်းနီထုတ်လုပ်တဲ့ သူမဟာ Forbes ရဲ့ ၂၀၁၇ ခုနှစ် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များစာရင်းမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။
play

ရောင်းမလောက်အောင်ဖြစ်နေတဲ့ သူမရဲ့ နှုတ်ခမ်းနီတွေက အလွန်အမင်းအောင်မြင်လှသလို အစ်မဖြစ်သူ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာနဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဖက်ရှင်လုပ်ငန်းတွေကလည်း အောင်မြင်လှတယ်လို့ Forbes က ဆိုပါတယ်။
play

"Reality TV စတား ခိုင်လီရဲ့ အလှကုန်ပစ္စည်းတွေက ပိုပြီးအောင်မြင်လာတယ်။ ထုတ်တာနဲ့ ချက်ချင်းကုန်တာပဲ။ ၂၀၁၆ ခုနှစ် တစ်ခုတည်းမှာတင် အဲဒီကနေ ဂဏန်း ၇ လုံး (ဒေါ်လာ သန်းချီ) ဝင်ငွေရခဲ့တယ်။ နောက်ပြီး အစ်မဖြစ်သူ ကန်ဒဲလ်နဲ့လည်း အဝတ်အစားတွေ ထုတ်သေးတယ်" လို့ Forbes က ရေးသားထားပါတယ်။
play

သူမဟာ အလှကုန်နဲ့ ဖက်ရှင်လုပ်ငန်းတွေကိုသာမက အိမ်ခြံမြေဘက်ကိုလည်း စတင်ခြေချလို့နေပြီး မကြာသေးမီကပဲ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာ နောက်ထပ် အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပါတယ်။
Source & Photos : US Magazine
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.