Breaking News

ပါတီပွဲကျင်းပခဲ့ပြီးနောက် ဂျာမန်ဆယ်ကျော်သက် ၆ ဦးကို သေဆုံးလျက်သား တွေ့ရှိ

play

ဂျာမနီနိုင်ငံမှာ ဥယျာဉ်ခြံတစ်ခုရှိ ဂိုထောင်တစ်ခုအတွင်း ပါတီပွဲကျင်းပခဲ့ကြတဲ့ ဆယ်ကျော်သက် ၆ ဦးကို တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၉ ရက်) က သေဆုံးလျက်သား တွေ့ရှိခဲ့ရမှုကြောင့် ပဟေဠိဖြစ်ခဲ့ကြပါတယ်။ ဆယ်ကျော်သက် ယောက်ျားလေးငါးဦးနဲ့ မိန်းကလေးတစ်ဦးတို့ကို ခြံပိုင်ရှင်ဖြစ်သူက တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဂိုထောင်အတွင်း သေဆုံးလျက်သား တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူတွေအနက် ခြံပိုင်ရှင်ရဲ့ သားနဲ့သမီးတို့လည်း ပါဝင်ခဲ့ပါတယ်။
ဂျာမန်ဆယ်ကျော်သက် ၆ ဦး ပါတီပွဲကျင်းပပြီးနောက် သေဆုံးမှု

ခြံပိုင်ရှင်က ၎င်းရဲ့ သားနဲ့သမီး အပါအဝင် ဆယ်ကျော်သက် ၆ ဦးဟာ စနေနေ့ (ဇန်နဝါရီ ၂၈ ရက်) ညပိုင်းက ပါတီပွဲကျင်းပခဲ့ကြပြီး နောက်တစ်နေ့မနက်အထိ အိမ်ပြန်မလာတာကို သတိပြုမိပြီး လိုက်လံရှာဖွေရာက ခြံဝင်းအတွင်း ဂိုထောင်ထဲမှာ အားလုံးကို သေဆုံးလျက်သား တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ လူသေဆုံးမှုဟာ ဂျာမနီနိုင်ငံ ဘာဗေးရီယားပြည်နယ် အန်းစတိန်းမြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့သူ ၆ ဦးဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ်တွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
play

အဆိုပါ ဆယ်ကျော်သက် ၆ ဦး သေဆုံးရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပေမဲ့ ကာဗွန်မိုနော့ဆိုက် (carbon monoxide) ဓာတ်ငွေ့အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။ ဆယ်ကျော်သက်တွေက ဂိုထောင်ထဲမှာ ထင်းမီးဖိုခဲ့ရာက ထွက်ရှိလာတဲ့ ကာဗွန်မိုနော့ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားတယ်။ ဂိုထောင်အတွင်း ထင်းမီးဖိုထားမှုကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
play

သို့သော် အခြား အကြောင်းအရင်းတွေလည်း ရှိနိုင်သေးကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘီဂျွန်ရှမစ်ဒ်က Bild သတင်းစာကို ပြောပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ခွဲစိတ်စစ်ဆေးမှုရလဒ်က ၎င်းတို့သေဆုံးရတဲ့ အကြောင်းအရင်းကို ရှာဖွေရာမှာ အချက်အလက် ပိုမိုရလာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ ဂျာမန်ရဲတပ်ဖွဲ့က ဆယ်ကျော်သက်များ သေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။
အန်းစတိန်းမြို့ငယ်လေးဟာ ဂျာမနီနိုင်ငံ ဘာဗေးရီယားပြည်နယ် Wern မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ အဆိုပါမြို့လေးရဲ့ အကျယ်အဝန်းဟာ ၄၃.၂၉ စတုရန်းမိုင်ရှိပြီး ၂၀၁၅ ခုနှစ် စာရင်းများအရ လူဦးရေ ၈,၁၆၁ နေထိုင်ကြကြောင်း သိရပါတယ်။

Source & Photo: Metro, BBC Credit :duwun