စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ရဖူးတယ်လို့ ဖွင့်ဟခဲ့တဲ့ ကိုရီးယားဆယ်လီ (၅) ဦး

play

နာမည်ကြီး အနုပညာသမားတွေဟာ များပြားလှတဲ့ အလုပ်ကြောင့်သာမက နာမည်ကျော်ကြားမှုရဲ့ ဂယက်ကြောင့် သာမန်လူတွေထက် ပိုပြီး စိတ်ဖိစီးမှုကို ခံစားရပါတယ်။ သူတို့ရဲ့ဘဝဟာ အရာရာချောမွေ့သာယာနေတာ မဟုတ်ပါဘူး။
၁။ G-Dragon
play

Big Bang အဆိုတော် G-Dragon ဟာ သီချင်းစာသားတွေကို ခိုးယူကူးချတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ပြစ်မှုကျူးလွန်သူတစ်ယောက်လို ခံစားရပြီး အချိန်အကြာကြီး စိတ်ကျရောဂါခံစားခဲ့ရတယ်လို့ Heartbreaker သီချင်း ဖြန့်ချိစဉ်က ဝန်ခံခဲ့ပါတယ်။
၂။ T.O.P
play

Big Bang အဖွဲ့ဝင် ရက်ပါ T.O.P ဟာ ၂၀၀၈ ခုနှစ်မှာ စိတ်ကျရောဂါနဲ့အတူ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ရပါတယ်။ သူ အလုပ်တွေ အရမ်းလုပ်ပြီး ဆေးရုံအကြိမ်ကြိမ်တက်ခဲ့တာဟာ ယင်းအတွက်ကြောင့် ဖြစ်မယ်လို့ ပရိသတ်က ယူဆခဲ့ကြပါတယ်။ သူ ပြန်လည် ကောင်းမွန်လာပြီလို့ ယူဆနေကြချိန်မှာ T.O.P ဟာ Loser ဆိုတဲ့ သီချင်းကို ရေးစပ်ခဲ့ပြန်ပါတယ်။
၃။ တေးယွန်
play

Girls' Generation အဖွဲ့ဝင် တေးယွန်ဟာ စိတ်ကျရောဂါခံစားခဲ့ရပြီး စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့ ခန္ဓာကိုယ်မှာ အပေါက်တွေဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ မှိုင်တွေငေးမောမှုနဲ့ ဝမ်းနည်းစရာ သီချင်းတွေကိုသာ နားထောင်တတ်တဲ့ပုံစံကို သူမရဲ့အဖွဲ့ဝင်တွေဟာလည်း မကြာခဏ မှတ်ချက်တွေ ပေးလေ့ရှိခဲ့ပါတယ်။
၎။ ဆူဇီ
play

"ကျွန်မမှာ စိတ်ကျနေသလို ခံစားချက်တွေဖြစ်ခဲ့တယ်။ ဘယ်သူ့ကိုမှ မပြောနိုင်ခဲ့ဘူး။ နောက်တစ်ရက်တောင် ကျွန်မမနေနိုင်တော့ဘူးလို့တောင် ခံစားခဲ့ရတယ်။ တစ်ခါဆိုရင် သူငယ်ချင်းနဲ့ စကားပြောပြီး ဟာသတစ်ခုကို ရယ်နေတုန်း ကျွန်မ ရုတ်တရက် ငိုချမိတယ်" လို့ ဆူဇီက ၂၀၁၃ ခုနှစ်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခုမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
၅။ အိုင်ယူ
play

မိန်းမချောလေး အိုင်ယူ (IU) ဟာ ကြောက်ရွံအားငယ်တဲ့ ဝေဒနာခံစားခဲ့ရတာကြောင့် အဲဒီစိတ်ကို ဖြေဖျောက်ဖို့အတွက် အစာတွေချည်းပဲ နင်းကန်စားခဲ့ဖူးပါတယ်။
Source & Photos : allkpop
Share on Google Plus

About Myanmar Magazine Onilne