Breaking News

တရုတ်စူပါလိဂ်သို့ ရွန်နီ ပြောင်းရွှေ့လိုပါက မန်ယူအသင်းနည်းပြ မော်ရင်ဟို တားဆီးမည်မဟုတ်


တရုတ်စူပါလိဂ်သို့ ရွန်နီ ပြောင်းရွှေ့လိုပါက မန်ယူအသင်းနည်းပြ မော်ရင်ဟို တားဆီးမည်မဟုတ်

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းခေါင်းဆောင် တိုက်စစ်မှူး ရွန်နီ အနေဖြင့် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့လိုပါက တားဆီးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရွန်နီကို တရုတ်စူပါလိဂ် အသင်းများဖြစ်သည့် ကွမ်ကျိုးအဲဗားဂရန်းအသင်းနှင့် ဘေဂျင်းကော်အန်းအသင်းတို့က စိတ်ဝင်စားနေပြီး တစ်ပတ်လုပ်ခ ပေါင်(၇)သိန်းဖြင့် လာမည့်နွေရာသီတွင် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

ရွန်နီ၏ အပြောင်းအရွှေ့သတင်းနှင့် ပတ်သက်ပြီး မော်ရင်ဟိုက "ကျွန်တော် မသိပါဘူး။ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ တရုတ်ကိုသွားဖို့ ဆုံးဖြတ်တဲ့ ကစားသမားတွေကို ကျွန်တော် မဝေဖန်လိုပါဘူး။ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ"ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Photo: Mirror

Credit : Eleven Sports