၂၀၁၇ ရဲ့ပထမဆုံး ရှိုးပွဲအတွက် အစွမ်းကုန်ပြင်ဆင်ထားတဲ့ ဘရစ်တနေစပီးယား

play

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ၃၅ နှစ်ပြည့်ခဲ့တဲ့ အမေရိကန်ပေါ့ပ်စတား ဘရစ်တနေစပီးယားဟာ ဇန်နဝါရီလ ၁၁ ရက်ညမှာ ပြုလုပ်တဲ့ သူမရဲ့ရှိုးပွဲမှာ အဝတ်အစားမျိုးစုံဝတ်လို့ သူမရဲ့ကိုယ်လုံးအလှကိုလည်း ပြသသွားခဲ့ပါတယ်။
ဘရစ်တနေဟာ အဖြူရောင် ကိုယ်ကျပ်အင်္ကျီလေးကို ပိုက်ကွန်ခြေအိတ်နဲ့ တွဲဖက်ဝတ်ဆင်ထားလို့ အဖြူရောင် မျက်နှာဖုံးနဲ့ လည်သာဖိနပ်ရှင်ကို ဝတ်ဆင်သီဆိုခဲ့ပါသေးတယ်။

နောက်ပြီး တလက်လက်တောက်နေတဲ့ အစိမ်းရောင်ဘီကီနီလေးကို ဘွတ်ဖိနပ်နဲ့ ဝတ်ဆင်ခဲ့ပြီး တတိယဝတ်စုံကတော့ အနီနဲ့ အနက် စပ်ထားတဲ့ အတွင်းခံကို အဖြူရောင်ပိုးအင်္ကျီအပေါ်ထပ်နဲ့ တွဲဖတ်ဝတ်ဆင်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။
play

ဒါ့အပြင် ဘရစ်တနေဟာ ဆက်စီကျလွန်းတဲ့ ကောင်းဂဲလ်စတိုင်လည်း ဝတ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။
သီချင်းတစ်ပုဒ်မှာဆိုရင် သူမဟာ စတိတ်စင်ပေါ်မှာ နတ်သမီးတစ်ပါးလို တောင်ပံတွေနဲ့ ဝဲပျံနေခဲ့ပါတယ်။
play

Source & Photos : the Sun  

Credit :duwun

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.