Breaking News

သေနတ်သမားကို ဝိုင်းဖမ်းရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုနေဝင်းရဲ့ ဇနီးသည်ပြောပြသမျှ




ဇန်နဝါရီ-၃၀၊ ၂၀၁၇
လေဆိပ်က သေနတ်သမားကို ဝိုင်းဖမ်းပေးရင်း အသက်ဆုံးရှုံးခဲ့တဲ့ ကိုနေဝင်းဟာ အသက် ၄၂ နှစ်အရွယ်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ အတိုင်ပင်ခံရှေ့နေဦးကိုနီကို မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ရန်ကုန် လေဆိပ်မှာ သေနတ်သမားက ပစ်ခတ်လုပ်ကြံခံတာပါ။
ကိုနေဝင်းဟာ ဦးကိုနီကိုပစ်သတ်တဲ့ သေနတ်သမားကို ဝိုင်းဖမ်းခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး လေဆိပ်က အငှားယာဉ်မောင်းဖြစ်ပါတယ်။ ကိုနေဝင်းရဲ့ ဈာပနကို မိသားစုရဲ့ သဘောအတိုင်း ပြုလုပ်ပေးမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိသားစုနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။
သေနတ်တရားခံကို အုတ်ခဲနဲ့ ပစ်ခတ်ဖမ်းဆီးချိန်မှာ သေနတ်နဲ့ပြန်ပစ်ခံရပြီး ဆီးအိမ်ကို ထိမှန်ကာ သေဆုံးခဲ့တာပါ။ လူမမယ်ကလေး သုံးယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးသည်ကတော့ ကိုနေဝင်းအတွက် ဝမ်းနည်းပူဆွေး သောကတွေနဲ့အတူ ရှေ့ရေးအတွက် သောကတွေအပြည့်နဲ့ပါ။
ရုပ်သံသတင်းထောက် - အလှလေးသူဇာ၊ ခင်ဝိုင်ဖြူဖြူ