ကိုယ်ဝန်ပျက်ကျသွားတဲ့ မိခင်တွေကို နှစ်သိမ့်မှုပေးနေတဲ့ ဂျပန် Jizo ရုပ်တုများ



ကိုယ်ဝန်ပျက်ကျသွားလို့ စိတ်ထိခံစားနေရတဲ့ မိခင်တွေအတွက် ဘယ်လို ရှေ့ဆက်အသက်ရှင်မလဲ၊ ဘယ်မှာ နှစ်သိမ့်မှု ရှာရမယ်ဆိုတာ သိမြင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်ရိုးရာအစဉ်အလာတစ်ခုဟာ အနောက်တိုင်းထိ စတင်ပျံ့နှံ့လျက်ရှိပြီး စုံတွဲတွေကို ကိုယ်ဝန်ပျက်မှုကြောင့် ခံစားရတဲ့ အခက်အခဲ၊ နာကျင်မှုတွေကို ရင်ဆိုင်ကျော်လွှားစေပါတယ်။

ဂျပန်နိုင်ငံက အမျိုးသမီးတချို့ဟာ နိုင်ငံအနှံ့ ဘုရားတွေနဲ့ သချုင်္ိင်းက Jizo ရုပ်တုတွေမှာ စိတ်သက်သာရာရမှု ရှာဖွေကြပါတယ်။ ရှေးဂျပန်ဗုဒ္ဓဘုရားသွန်သင်ချက်မှာ ယင်းရုပ်တုတွေဟာ မွေးကင်းစကလေးတွေနဲ့ မမွေးသေးတဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ထားပါတယ်။ မွေးကင်းစကလေးတွေ ကံကြမ္မာကောင်း ဖန်တီးဖို့ အခွင့်အရေးမရှိတဲ့အခါ Jizo ဟာ ကလေးတွေကို တမလွန်ဘဝ ပို့ပေးလိုက်တာလို့ ယုံကြည်ထားပါတယ်။

မမွေးသေးတဲ့ကလေးကို အဲဒီနည်းတူ လုပ်ဆောင်ပေးဖို့ မျှော်လင့်ချက်နဲ့ ယင်းရုပ်တုတွေကို အနွေးထည်တွေ ဝတ်ဆင်ပေးလေ့ရှိပါတယ်။ အခုအခါ ဒီအစဉ်အလာ ဂျပန်နိုင်ငံသာမက အခြားနေရာတွေထိ ပျံ့နှံ့လျက်ရှိပြီး အမေရိကရှိ အမျိုးသမီးတချို့မှာလည်း ကိုယ်ဝန်ပျက်မှု ကြုံတွေ့ပြီးနောက် Jizo ရုပ်တုတွေဆီ နှစ်သိမ့်မှု ရှာဖွေကြတယ်လို့ သိရပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.