အိမ်ထောင်ရေးမှာ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်နေရတဲ့ Kanye West နဲ့Kim Kardashian



ချစ်စရာကောင်းတဲ့ မိသားစုပုံလေးကြည့်ပြီး Kanye West နဲ့ Kim Kardashian တို့ရဲ့အိမ်ထောင်ရေးအခြေအနေ အဆင်ပြေနေလိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးအခြေအနေဟာ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့အဖြစ်ကို ရင်ဆိုင်နေရလို့ပါပဲ။ နှစ်ဦးသားဆက်ဆံရေးဟာ ပုံမှန်မဟုတ်တော့ပဲ ဒါကို နှစ်ယောက်စလုံး သတိပြုမိတဲ့အပြင် အခြားသောအပြင်လူတွေကလည်း  သတိပြုမိတဲ့အထိ ဖြစ်လာပါပြီ။

ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ခုကနေ သိလာရတဲ့ အကြောင်းအရာကတော့ Kanye West ပြီးခဲ့တဲ့လက ဆေးရုံတက်ရကတည်းက သူတို့နှစ်ဦးဟာ သူစိမ်းဆန်ဆန်ပြုမူပြောဆိုနေကြတာကို အားလုံးစတင်သတိထားမိခဲ့တာပါ။ "  Kanye နဲ့ Kim တို့ဟာ တစ်ယောက်ကိုတစ်ယောက် ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံနေတာ တွေ့ရတယ်။ အဆင်မပြေဖြစ်နေတာမျိုး မဟုတ်ပေမယ့် Kanye ကိုကြည့်ရတာ သူစိမ်းတစ်ယောက်ကို စကားပြောနေသလိုပဲ"လို့ အတွင်းသိတစ်ယောက်က ပြောသွားပါတယ်။

ဒီလိုအူကြောင်ကြောင်ဆက်ဆံရေးကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတာလောက်ထိ မဖြစ်ဘူးလို့ ဆိုနေကြပေမယ့် ဘာတွေဆက်ဖြစ်လာဦးမလဲ၊ နှစ်ဦးသားဘယ်လိုပြသနာတွေ ရင်ဆိုင်နေကြရသလဲဆိုတာကိုတော့ သူတို့နှစ်ဦးသာ သိပါလိမ့်မယ်။

 Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.