Breaking News

Miss Golden Globe တွေအဖြစ် မြင်တွေ့ရတော့မယ့် စတားလုံးရဲ့သမီးများ

play

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Miss Golden Globes အဖြစ် စတားလုံးရဲ့ သမီးချော ၃ ဦးဟာ ရွေးချယ်ခံရချိန်မှာဖြစ်ပေါ်ခဲ့တဲ့ သူတို့ရဲ့ခံစားချက်ကို The Hollywood Reporter မဂ္ဂဇင်းအတွက် ဓာတ်ပုံတွေရိုက်ကူးပေးစဉ်မှာ ပြောပြခဲ့ကြပါတယ်။
play

အသက် ၂၀ အရွယ် ဆိုဖီယာ၊ အသက် ၁၈ နှစ်အရွယ် စစ္စတင်းနဲ့ အသက် ၁၄ နှစ်အရွယ် စကားလတ်တို့ဟာ ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် စတားလုံးက အဲဒီသတင်းကို ပြောပြချိန်မှာ မရပ်မနား အော်ဟစ်ခုန်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေရဲ့ သားသမီးတွေကိုသာ နှစ်စဉ်ရွေးချယ်လေ့ရှိတဲ့အတွက် သူတို့ ၃ ယောက် ရွေးချယ်ခံရမှုဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။
play

ရိုးရိုးလေးနဲ့ လှပနေတဲ့ ဂါဝန်လေးတွေ ကိုယ်စီဝတ်ထားတဲ့ ညီမ ၃ ဖော်ဟာ ကင်မရာကို ပြုံးကြည့်ရင်း ပြင်ဆင်ခြယ်သမှု သိပ်မလုပ်ဘဲ သဘာဝအလှအတိုင်း မဂ္ဂဇင်းဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့ပါတယ်။
ကမ္ဘာကျော်သရုပ်ဆောင် ဖခင်နဲ့ ပတ်သက်ပြီး မှတ်မိတဲ့အရာတွေကို မေးမြန်းချိန်မှာတော့ "သူ ရွှေကမ္ဘာလုံးဆု မရခင်အထိ အဖေက သရုပ်ဆောင်ကောင်းတယ်ဆိုတာကို ကျွန်မတို့ မသိခဲ့ဘူး" လို့ စစ္စတင်းက ပြောပါတယ်။
play
Miss Golden Globe 2017 ၃ ဦးဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ကော်ဇောနီကို ဖြန့်ခင်းရာမှာလည်း ပါဝင်ခဲ့ကြပါတယ်။
 

Source & Photos : Daily Mail
ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ကော်ဇောနီ စတင်ဖြန့်ခင်း