Breaking News

တစ်ကိုယ်တည်းသမား (Single) မဖြစ်ချင်ဘဲ ဖြစ်နေရသူတွေ သိထားသင့်တဲ့ အချက်(၃)ချက်



သင်ဟာ သင့်အလုပ်တွေထဲမှာပဲ အမြဲတမ်း အလုပ်ရှုပ်နေသူတစ်ယောက်ဖြစ်ပြီး သင့်ရဲ့ ကိုယ်ပိုင် ပြက္ခဒိန်မှာဆိုရင်လည်း လုပ်စရာတွေနဲ့ အမြဲ ပြည့်နှက်နေတတ်တယ်ဆိုရင်တော့ ဒါက သင့်ကို အခုအချိန်အထိ Single ဖြစ်နေရသေးခြင်းရဲ့ အဓိက အချက်လို့လည်း ပြောနိုင်ပါတယ်။

(၁) ဖုန်းခေါ်ဆိုမှုတွေ ပြန်လည် မခေါ်ဆိုတာမျိုး ၊ ငြင်းပယ်လိုက်တာမျိုးဟာလည်း Single ဖြစ်နေရခြင်းရဲ့ အဓိက အချက်ထဲမှာ ပါဝင်ပါတယ်။ ဥပမာ - သင့်ကို သဘောကျတဲ့ သူတစ်စုံတစ်ယောက်က ဖုန်းခေါ်ဆိုလာတဲ့အခါ သင်က ပြန်မဖြေတာမျိုး ၊ သုံးရက်လောက်နေမှ သင်က ပြန်ပြီး ဖုန်းပြန်ခေါ်တာမျိုးတွေကိုလည်း Single မဖြစ်ချင်သူတိုင်း သတိထားသင့်ပါတယ်။

(၂) ဒုတိယအချက်အနေနဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းဆိုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ သင်က သုံးရက်လောက်နေမှ ဖုန်းပြန်ခေါ်တာတောင် တစ်ဖက်လူက သင့်ကို ဂရုတစိုက်နဲ့ ပြန်ဖြေပြီး အပြင်မှာ တွေ့ဖို့ ချိန်းတဲ့အခါ သင့်ဘက်က ဆင်ခြေတွေနဲ့ မငြင်းမိအောင် သတိထားသင့်ပါတယ်။

(၃) နောက်ဆုံးအချက်ကတော့ တွေဝေမနေဖို့ပါပဲ။ သင့်ကို သဘောကျတဲ့ သူက ပန်းခြံဆီ လမ်းအတူလျှောက်ဖို့ ခေါ်တဲ့အခါ သင့်ဘက်က ဒါက အရမ်းဝေးလွန်းတာမျိုး ၊ နောက်ပြီး သင်က အပြင်ထွက်ရတာမကြိုက်တာမျိုးတွေနဲ့ မတွေဝေမိပါစေနဲ့။ အပြင်မှာ လမ်းလျှောက်ရတာ မကြိုက်ရင်တောင် ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းပြီး အေးအေးဆေးဆေး စကားပြောနေနိုင်ပါသေးတယ်ဆိုတာကိုလည်း မမေ့မိပါစေနဲ့ဦး။ သူ က သင့်ကို တကယ် သဘောကျနေတဲ့သူဆိုရင်တော့ သင်ပြောတဲ့အတိုင်း နာခံမှာ မလွဲဧကန်ပါပဲ။

Credit :Trend Myanmar