Breaking News

လေယာဉ်အစီးတိုင်းမှာ အခမဲ့ Wi-Fi ဝန်ဆောင်မှုပေးတဲ့ ပထမဦးဆုံးလေကြောင်းလိုင်း



JetBlue ဟာ လေယာဉ်အစီးတိုင်းမှာ အခမဲ့မြန်နှုန်းမြင့် Wi-Fi စနစ်စီစဉ်ပေးတဲ့ ပထမဦးဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါလေယာဉ်ကြောင်းလိုင်းအနေနဲ့ သူ့ရဲ့ "Fly-Fi" ဆိုတဲ့ အစီအစဉ်ကို လေယာဉ်အားလုံးမှာ လေယာဉ်ထွက်ခွာချိန်ကစပြီး ဆိုက်ရောက်တဲ့အချိန်ထိ စီစဉ်ပေးသွားမယ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။

ဒီတော့ ခရီးသည်တွေ လေယာဉ်ကို မြေပြင်နဲ့ ပေ ၁၀,၀၀၀ ပျံ့သန်းမှုအပြီး စောင့်နေစရာမလိုဘဲ အင်တာနက်ဆက်သွယ်မှု အဆက်မပြတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Fly-Fi အစီအစဉ်ကြောင့် ခရီးသည်တွေ အခမဲ့ရုပ်ရှင်ဇာတ်လမ်းတွေ၊ Amazon Video ကနေ လွှင့်တင်တဲ့ အကြောင်းအရာတွေ ကြည့်ရှုနိုင်မယ်၊ ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုနိုင်ပြီး မက်ဆေ့ခ်ျပေးပို့စရာ app တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ကနေ Amazon မှာ စိတ်ကြိုက်ဈေးဝယ်ဖို့ အခွင့်အလမ်းလည်း ရှိနေပါတယ်။

JetBlue ဟာ Fly-Fi အစီအစဉ်ကို 227 Airbus A320s A321s Embraer 190s ယာဉ်စု တစ်ခုလုံးမှာ မိတ်ဆက်မှု မပြုလုပ်ခင် ၂၀၁၃ ခုနှစ်က လေယာဉ်တစ်စီးတည်းပေါ် မိတ်ဆက်ခဲ့ပါတယ်။  Wi-Fi မှာ E190 နဲ့ A320 ပေါ် တိုက်ရိုက်ထုတ်လွှင့်တဲ့ TV channel ၃၆ ခုနဲ့ A321 မှာ channel ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ပျော်ရွှင်ဖွယ်ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်ပါတယ်။


Credit :Trend Myanmar