Breaking News

ဂရမ်မီဆုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ အဒဲလ်ရဲ့ 25 နဲ့ Hello Love,


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညမှာ လော့ဆန်းဂျလိစ်ရှိ Staple Centre မှာ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ဟာ Album of the Year နဲ့ Best Pop Vocal Album ဆုတွေ ရရှိခဲ့ပြီး Hello သီချင်းက Song of the Year, Record of the Year နဲ့ Best Pop Solo Performance ဆုတို့ကို ရရှိခဲ့ပါတယ်။
အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ဟာ ဘီယွန်းဆေးရဲ့ Lemonade၊ ဂျက်စတင်ဘီဘာရဲ့ Purpose၊ ဒရိတ်ခ်ရဲ့ Veiws နဲ့ Sturgill Simpson ရဲ့A Sailor’s Guide to Earth တို့နဲ့အတူ Album of the Year ဆုအတွက် ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဒါ့အပြင် ဂရမ်မီဆန်ခါတင်စာရင်း ၉ ဆုဝင်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ Formation နဲ့ အဒဲလ်ရဲ့ Hello တို့ဟာ Record of the Year ဆုနဲ့ Song of the Year ဆုတို့အတွက် ဆန်ခါတင်စာရင်းအတူဝင်ခဲ့ပေမဲ့ အဒဲလ်ကသာ ဆုတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။
play

ဆု ၉ ဆုနဲ့ စံချိန်တင်ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ဘီယွန်းဆေးကတော့ Formation သီချင်းနဲ့ Best Music Video ဆုနဲ့ Lemonade အယ်လ်ဘမ်နဲ့ Best Urban Contemporary Album ဆု ၂ ဆုသာ ရရှိခဲ့ပါတယ်။
အဒဲလ်ဟာ သူမရဲ့ကမ္ဘာကျော် Hello သီချင်းနဲ့ ၂၀၁၇ ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေခဲ့ပါသေးတယ်။
Source & Photos : grammy  Credit :duwun