Breaking News

အိမ်ထောင်ရေးကို တန်ဖိုးထားတတ်သူတွေ ဖြစ်ကြပါစေ




၁။ တန်ဖိုးထားမှ တန်ဖိုးရှိမှာပါ

အိမ်ထောင်တစ်ခု ဖြစ်တည်လာပြီ ဆိုရင် မိမိတို့ ထားရှိတဲ့ တန်ဖိုးအပေါ် မူတည်ပြီး တန်ဖိုးရှိတယ် မရှိဘူး ဖြစ်သွားတာပါ။ မိမိတို့ အိမ်ထောင်ရေး မိမိတို့ မိသားစုကို မိမိတို့မှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားကြမှာလဲ။ ဒါကြောင့် တန်ဖိုးထားမှ တန်ဖိုးရှိတယ် ဆိုတာကို မမေ့ပါနဲ့။

၂။ အပြစ်တွေပဲ မမြင်ကြပါနဲ့

လူတိုင်းမှာ အားနည်းချက်တွေ ရှိတယ် ဒါကြောင့် မိမိတို့ အိမ်ထောင်ရေးက ငွေကြောင့် သော်လည်းကောင်း လူကြောင့်သော်လည်းကောင်း အားနည်းချက်တွေ ရှိချင်လည်း ရှိမယ်။ အဲချိန်တိုင်း မိမိတို့ အိမ်ထောင်ရေးရဲ့ အားနည်းချက်ကို စဉ်စားပြီး စိတ်မညစ်စေလိုပါဘူး။ အားနည်းချက်ကို ဖြည့်ဆည်းပြီး တန်ဖိုးရှိတဲ့ မိသားစုလေး ဖြစ်အောင် ဖန်တီးစေလိုပါတယ်။

၃။ မပျော်ရွှင် ရတာ တန်ဖိုး မထားလို့

အိမ်ထောင်ရေး မသာယာတာ မပျော်မရွှင် ဖြစ်နေရတာတွေဟာ တစ်ယောက်ကို တစ်ယောက် တန်ဖိုး မထားတဲ့ အခြေအနေက တခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုး မထားသရွှေ့ တန်ဖိုးလည်း မရှိ ဖြစ်လာပြီး နောက်ဆုံးတော့ အရာအားလုံး ဆုံးရှုံး သွားနိုင်ပါတယ်။

၎။ တန်ဖိုးထားခြင်းရဲ့ နောက်ကွယ်

မိမိ အိမ်ထောင်ဘက်ကို မိမိက စပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပြောပြမယ် တန်ဖိုးထားမယ် အဲသည်လို လုပ်ပေးလိုက်တာနဲ့ မိမိရဲ့ မိသားစုတွေကပါ တန်ဖိုး ထားမယ် အရိုအသေပြု အလေးထားလို့ လာကြပါလိမ့်မယ်။ ဒီလိုနဲ့ မိမိ အိမ်ထောင်ဘက်ဟာ အိမ်ထောင်တစ်ခုရဲ့ တန်ဖိုးရှိသူဖြစ်လာပြီး မိမိကပါ အလိုအလျောက် အမြင့်သို့ ရောက်လာပါလိမ့်မယ်။ ဒီလိုဆို အိမ်ထောင်ရေး လမ်းကြောင်း အကောင်းဘက်သို့ ဦးတည်လာမယ်ဆိုကို သတိပြုမိပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ အိမ်ထောင်သည်တိုင်း အိမ်ထောင်သည်တိုင်း မိမိတို့ရဲ့ အိမ်ထောင်ဘက်ကို တန်ဖိုး ထားခြင်းဖြင့် ပျော်ရွှင်သာယာသော အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကျော်လင်းနိုင် (ပစ်တိုင်းထောင်)