Breaking News

သင့်ကို စွမ်းအားတွေ ပေးနိုင်တဲ့ မန်တရာ (ခေါ်) ဂါထာ (၄) ခု"


စာကြောင်းလေးတစ်ကြောင်းကို နှုတ်ကနေ ထုတ်ပြီး ရွတ်ဆိုလိုက်ခြင်းက သင့်ကို ချက်ချင်းလိုအပ်တဲ့ စိတ်တည်ငြိမ်မှုကို ရစေနိုင်တယ်။
play

မန်တရာ(Mantra) တွေကို နားလည်အောင်အလွယ်ပြောရရင် ဂါထာလို့ ပြောလို့ရပါတယ်။ တစ်ခုခုကို သစ္စာဆိုတဲ့အခါ၊ လိုအင်ဆန္ဒရှိလို့ ဆုတောင်းတဲ့အခါ၊ ဘုရားရှိခိုးတဲ့အခါ ဂါထာရွတ်ဖတ်တဲ့ သဘောတရားနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။ ဒီ ဂါထာတွေက သင့်ကိုယ်သင် တိုင်တည်ရမယ့် ဂါထာတွေဖြစ်ပါတယ်။ သင်အလိုရှိတဲ့အရာကို ပါးစပ်ကနေ ကိုယ်တိုင်ထုတ်ဖော်ရွတ်လိုက်တဲ့အတွက် မိမိစိတ်ထဲမှာ ဇဝေဇဝါ မဖြစ်တော့ဘဲ သင့်ကိုယ်သင် အတည်ပြုသလိုမျိုး ဖြစ်သွားပါတယ်။
play
အတွင်းစိတ်တည်ငြိမ်သွားစေမယ့် ဂါထာ
ငါ လေကို တစ်ဝကြီး ရှုသွင်း၊ ရှုထုတ်တယ်၊ ငါ့ မျက်လုံးတွေကို အားဖျော့ထားတယ်၊ ငါဟာ ငြိမ်းချမ်းနေတယ်
"My breath is deep; my eyes are soft; I am at peace."
ရွတ်ဆိုပြီးတာနဲ့ သင့်ဗိုက်ဖောင်းကားတင်းလာတဲ့အထိ လေကို ဖြည်းဖြည်းချင်းစီ ရှုသွင်းပါ။ ချက်ကို ဗိုက်အတွင်းဘက်ကို ချိုင့်ဝင်သွားတဲ့အထိ မကုန်ကုန်အောင် ရှုထုတ်ပါ။ တစ်ကြိမ်ပြီးတိုင်း ဂါထာရွတ်ပါ။ (၅) ကြိမ်တိတိလုပ်ပေးပါ။ (အသက်ရှုနည်း)
play
စိတ်တုန်လှုပ်ခြောက်ခြားမှုကို နိုင်တဲ့ ဂါထာ
ငါ ထင်ထားထက် ပိုကောင်းတာပဲ ဖြစ်မယ်
"It's got to be better than I think."
ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တကယ်စိတ်တုန်လှုပ်ခြောက်ချားနေချိန်မှာ ဘယ်လောက်အသုံးတည့်တယ်ဆိုတာ ကိုယ်တိုင်ကြုံမှ မျက်မြင်သိပါလိမ့်မယ်။
play
အောင်မြင်မှုအတွက် ဂါထာ
ဒါတွေ အကုန်လုပ်နိုင်တဲ့အရည်အချင်းနဲ့ အသိဉာဏ် ငါ့မှာ အပြည့်ရှိတယ်
"I have the confidence and knowledge to take action."
ဖြစ်ချင်တဲ့အရာကို အောင်မြင်ပြီးမြောက်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်ထုတ်ပါ။  အစီအစဉ်အတွက် လုပ်ရမယ့်အရာတွေ တန်းစီပြီး ချရေးပါ။ ရေးထားတာတွေကို တကယ်ဖြစ်အောင်လုပ်ဖို့ အားစိုက်ထုတ်တဲ့အခါမှာ အသုံးဝင်တဲ့ ဂါထာတစ်ခုပါ။
play
ပျော်ရွှင်မှုအတွက် ဂါထာ
ငါ့အတွက် စိတ်ပျော်ရွှင်မှုပေးနိုင်မယ့် အခြေအနေကို ဖန်တီးခွင့် ပေးပါတယ်။
"I give myself permission to prioritize the th၊ings that bring me joy, creativity, and connection."
ပျော်ရာမှာမနေဘဲ တော်ရာမှာ နေရတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘဝမှာ တစ်ခါတစ်လေ သင့်ကို စိတ်ပျော်ရွှင်ချမ်းသာမှုတကယ်ပေးနိုင်တဲ့အရာကို ဆန္ဒရှိတဲ့အခါ ရွတ်နိုင်ပါတယ်။
Source : Time