Breaking News

ကော်ဖီထက် မနက်ခင်း မိုပိုလန်းဆန်းစေမယ့် အိမ်တွင်းဖြစ် အားဖြည့် ဖျော်ရည်



မနက် လန်းဆန်းစွာအိပ်ရာထဖို့နဲ့ အချိန်တိုအတွင်း အားအင်တိုးမြင့်စေဖို့ လိုအပ်ပါက ဒီအံ့မခန်းဖွယ်ဖျော်ရည်လေး သောက်ကြည့်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ပဲ ဖော်စပ်ပြုလုပ်ထားတဲ့ ဖျော်ရည်ဖြစ်ပြီး အားအင်အမြန်ပြည့်စေပါလိမ့်မယ်။

ပြင်ဆင်ရ လွယ်ကူလျင်မြန်ပြီး အလုပ်သွားဖို့ နောက်ကျတဲ့အချိန်မှာ မနက်စာအဖြစ် သုံးဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဒိန်ချဉ် ၁/၂ ခွက်

ပန်းသီး ၁ လုံး (အခွံခွာပြီး ခပ်စိပ်စိပ်လှီးပြီးသား)

ဂရင်းတီး ၁/၂ ခွက်

ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း

တရုတ်နံနံ

ပြင်ဆင်ပုံပြင်ဆင်နည်း

ပါဝင်ပစ္စည်းအားလုံး သစ်သီးဖျော်စက်ထဲ ထည့်ပြီး ရေအနည်းငယ်နဲ့ ရောဖျော်ပေးရပါမယ်။ ဒီဖျော်ရည်မှာ  ကယ်လိုရီ ၁၆၅၊ ပရိုတိန်းဓာတ် ၁၀ ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် ၃၀ ဂရမ် (အမျှင်ဓာတ် ၃ ဂရမ်) နဲ့ အဆီ ၂ ဂရမ်ပါရှိပါတယ်။

မနက်ခင်း သုံးဆောင်ပေးပါ။ မနက်စာအစား သုံးဆောင်နိုင်ပြီး ခဏလေးအတွင်း အားအင်တိုးမြင့်စေပါလိမ့်မယ်။

Credit :Trend Myanmar