Breaking News

မူးမူးနဲ့ ပထမဆုံးအနမ်းအကြောင်း ပြောခဲ့တဲ့ ဆူဇီ

အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာရဲ့ အစွမ်းကြောင့် miss A အဖွဲ့ဝင် ဆူဇီဟာ သူမရဲ့ အတွေးတွေနဲ့ အတိတ်က ရယ်စရာဖြစ်ရပ်တွေကို ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။
play

Off the Record, Suzy လို့ အမည်ပေးထားတဲ့ Reality Show ထဲမှာ ဆူဇီက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ ဆူဇီက ရှားရှားပါးပါး အားလပ်ရက်ညတစ်ညမှ အခင်ဆုံးသူငယ်ချင်း ၃ ယောက်နဲ့ တွေ့ဆုံခဲ့တာပါ။ ဆူဇီက ဆိုဂျူကို တစ်ပုလင်းခွဲပဲ သောက်နိုင်တယ်ဆိုတဲ့ အရင်က ပြောခဲ့တဲ့ စကားရှိပေမဲ့ အခုတော့ သူမဟာ ဆိုဂျူ ၂ ပုလင်းသောက်လိုက်ပေမဲ့ မျက်နှာနီမြန်းသွားတာတောင် မရှိပါဘူး။
"ကျွန်မ မျက်နှာက နီမသွားဘူး။ အမူးဆုံးအချိန်မှာတောင် ကျွန်မက လုံးဝမသောက်ထားတဲ့ လူလိုပဲ" လို့ ဆူဇီက ပြောပါတယ်။
ဆူဇီတစ်ယောက် အရမ်းမူးလာပြီလို့ ဝန်ခံချိန်မှာတော့ သူ့သူငယ်ချင်းတွေက အမှန်ပြောကြေးကစားနည်းကို ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီကစားနည်းက မေးတဲ့မေးခွန်းကို အမှန်အတိုင်း မဖြေချင်ရင် ဆိုဂျူတစ်ခွက် သောက်ရမှာပါ။
သူတို့ ပထမဆုံးမေးလိုက်တဲ့ မေးခွန်းက "ဘယ်အချိန်က နောက်ဆုံးနမ်းခဲ့တာလဲ"
ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို မဖြေနိုင်တဲ့အတွက် ဆူဇီဟာ ချက်ချင်းပဲ ဆိုဂျူတစ်ခွက် သောက်လိုက်ပါတယ်။
play

သူမရဲ့သူငယ်ချင်းတွေက သူမကို နောက်ထပ် မေးခွန်းမေးပြီး အကြပ်ရိုက်စေပါတယ်။
"နင့်ရဲ့နောက်ဆုံးအနမ်းအကြောင်း မပြောနိုင်ရင် ပထမဆုံးအနမ်းအကြောင်းပြော" လို့ မေးကြပြန်ပါတယ်။ ဒီတစ်ခါတော့ ဆူဇီက ဖြေဖို့ နောက်မတွန့်တေ့ဘဲ "ငါ့ရဲ့ပထမဆုံးအနမ်းက ‘Dream High’ ဇာတ်ကားအတွက် နမ်းတဲ့အခန်းရိုက်တာ ငါ့ရဲ့ပထမဆုံးအနမ်းပဲ" လို့ ပြောခဲ့ပါတယ်။
သူငယ်ချင်းတွေ ဒီအဖြေကို မယုံကြည်ကြဘဲ ဆူဇီကို ဆိုဂျူနောက်တစ်ခွက် တိုက်လိုက်ကြပါတယ်။
အဲဒီနောက် ဆူဇီအကြိုက်ဆုံး ယောက်ျားတစ်ယောက်ရဲ့ပုံစံကို ဝိုင်းမေးကြတော့ ဆူဇီက ဖြေခဲ့ပါတယ်။
play
ဟောလိဝုဒ်မင်းသား Ian Somerhalder နဲ့ ဂျပန်သိုင်းသမား Choo Sung Hoon

"အရင်တုန်းက ဆက်စီကျတဲ့ပုံစံကို ကြိုက်တယ်။ Ian Somerhalder ကို ကြိုက်ခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း Choo Sung Hoon လိုပုံစံမျိုးကို ကြိုက်မိတယ်။ သူက သန်မာတယ်။ UFC မှာတောင် ချနိုင်တဲ့ပုံစံမျိုး။ ကိုယ့်ကို ကာကွယ်ပေးနိုင်တဲ့ ယောက်ျားမျိုးကို သဘောကျတယ်" လို့ သူမက ပြန်ဖြေခဲ့တာပါ။
Source & Photos : Koreaboo