Breaking News

ခင်ပွန်းဖြစ်သူက တိုက်တွန်းလို့ ဇာတ်ကားတွေ ပြန်ရိုက်နေတဲ့ ပရီတီဇင်တာ

နာမည်ကျော် ဘောလိဝုဒ်မင်းသမီး ပရီတီဇင်တာဟာ မျက်နှာဝိုင်းဝိုင်း၊ ပါးချိုင့်လေးနဲ့ လှပလွန်းတာကြောင့် ထင်ရှားသူဖြစ်ပြီး သူ့ရဲ့ရုပ်ရှင်အတော်များများကလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။
play

ခင်ပွန်းဖြစ်သူ Gene Goodenough နဲ့ လက်ထပ်အပြီးမှာ ရုပ်ရှင်လောကကို စွန့်ခွာဖို့ သူမက စွန့်ခွာခဲ့ပေမဲ့ နားလည်မှုရှိလွန်းတဲ့ ခင်ပွန်းဖြစ်သူက ရုပ်ရှင်ပြန်ရိုက်ဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုခင်ပွန်းမျိုးရတာ သူမအနေနဲ့ ကံကောင်းတယ်လို့လည်း ပရီတီဇင်တာက ယူဆထားသူပါ။
သူမရဲ့အိမ်ထောင်သည်ဘဝနဲ့ မင်းသမီးဘဝကို ဟန်ချက်ညီအောင် ဘယ်လိုလုပ်လဲဆိုတဲ့ မေးခွန်းကို အမေးခံရချိန်မှာ သူမက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
"ကျွန်မကို ရုပ်ရှင်ပြန်ရိုက်ဖို့ တိုက်တွန်းတဲ့သူတစ်ယောက်ကို လက်ထပ်မိတဲ့အတွက် ပျော်ရွှင်မိသလို ကံလည်းကောင်းပါတယ်။ ကျွန်မ ရုပ်ရှင်ဆက်မရိုက်တော့ဘူးလို့ တွေးပြီး စီးပွားရေးပဲ လုပ်နေတာ" လို့ ပရီတီဇင်တာ ပြန်ဖြေခဲ့ပါတယ်။
play

အိမ်ထောင်ရှင်မဘဝကတော့ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်လို့ သူမက ပြောပါတယ်။
"နားရက်၊ နားချိန် လုံးဝမရှိဘဲ အလုပ်လုပ်ရပြီး ဘယ်သူကမှ ကျေးဇူးတင်ခြင်းမရှိတဲ့ အလုပ်လေ။ ဒါကြောင့် ကျွန်မတို့လို အလုပ်လုပ်တဲ့သူတွေကတော့ အလုပ်ကနေ ချီးကျူးဂုဏ်ပြုမှုကို ရတယ်။ အမျိုသမီးတွေကို တကယ့် စူပါဝူးမင်းတွေလို့ ကျွန်မကတော့ ထင်တယ်။ သူတို့က အလုပ်နှစ်ခု လုပ်ရတယ်လေ။ လက်ထပ်ပြီးချိန်မှာ အိမ်အလုပ်ရော ကိုယ့်ရဲ့အသက်မွေးဝမ်းကျောာင်း အလုပ်ကိုရော အဆင်ပြေအောင် လုပ်ရတယ်" လို့ ပရီတီဇင်တာက ဆိုပါတယ်။
သူမဟာ ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပရီတီဇင်တာရဲ့ နာမည်အကြီးဆုံးဇာတ်ကားက အီးတီကားလို့ ခေါ်ကြတဲ့ Koi... Mil Gaya ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားပါပဲ။ အဲဒီဇာတ်ကားထဲမှာ လက်ပွားမင်းသားလို့ ခေါ်ကြတဲ့ ရက်ကက်ရှ်ရိုရှန်နဲ့အတူ ပရီတီဇင်တာာက သရုပ်ဆောင်ထားတာပါ။
Source & Photos : bollywood