Breaking News

ခရီးသွားတဲ့အခါ လက်ဆွဲအိတ်ထဲမှာ မဖြစ်မနေယူဆောင်သွားသင့်တဲ့အရာ ( ၉ ) ခု



ခရီးတစ်ခုသွားတဲ့အခါမှာ လိုအပ်တာ အားလုံးကို စီစဉ်ထားပေမယ့်လည်း လမ်းခရီးမှာ မလိုအပ်တဲ့ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့လာရပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မဖြစ်မနေ လိုအပ်လာနိုင်တဲ့ အရာတွေကို့  ခရီးဆောင် လက်ဆွဲအိတ်ထဲမှာ အဆင်သင့် ယူဆောင်လာခဲ့မယ်ဆိုရင်တော့ ဘာတွေပဲ ဖြစ်ဖြစ် ဖြေရှင်းရလွယ်ကူပြီး ကြန့်ကြာမှုတွေကို ဖယ်ရှားနိုင်လာပါလိမ့်မယ်။ ခရီးသွားတဲ့အခါ လက်ဆွဲအိတ် ထဲမှာ မဖြစ်မနေ ယူဆောင်သွားသင့်တဲ့ အရာ ၉ ခုကတော့ -

၁.မျက်လုံးဖုံးအုပ် Eye Mask

ကိုယ်လိုရာ ခရီးကို ရောက်ရင်လည်း ခရီးသွားခြင်းရဲ့  အနှစ်သာရ အဖြစ် လည်ပတ် လေ့လာဖို့ အချိန်တွေကိုလည်း ပေးရဦးမှာ ဖြစ်တာကြောင့် လမ်းခရီး တစ်လျှောက် အိပ်စက်သင့်တဲ့အချိန်တွေမှာ ပြည့်ပြည့်၀၀ အိပ်စက်လာဖို့ လိုအပ်ပါတယ်။ အဲဒီလို လမ်းခရီးမှာ အိပ်ရေး၀၀ အိပ်နိုင်ဖို့အတွက် တော့ မျက်လုံးကိုဖုံးအုပ်တဲ့ (Eye Mask) တွေကို လိုအပ်လာနိုင်ပါတယ်။

၂.ဘက်တီးရီးယား သန့်စင် ပစ္စည်း

ခရီးလမ်းတစ်လျှောက်လုံးမှာ အပေါ့အပါးသွားတာပဲ ဖြစ်ဖြစ် ၊ လမ်းဘေးမှာ ခဏတဖြုတ် လေကောင်းလေသန့်ရှုရင်း နားတဲ့အခါမှာပဲ ဖြစ်ဖြစ် ၊ ကိုယ်တွယ် ထိတွေ့မိလိုက်တဲ့အရာတွေမှာ ဘက်တီးရီးယား ပိုးမွှားတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း ပိုးမွှား သန့်စင်ပေးမယ့် တစ်သျှူးတွေဖြစ်ဖြစ် ၊ လက်သန့်ဆေးရည်ပဲ ဖြစ်ဖြစ် ယူဆောင်သွားသင့်ပါတယ်။

၃.အထောက်အထား မိတ္တူများ

ပြည်ပ ခရီးစဉ် သွားတဲ့အခါမှာတော့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ၊ ပြည်တွင်း ခရီးသွားတဲ့အခါမှာတော့ မှတ်ပုံတင် အစရှိတဲ့ ကိုယ်ရေး အထောက်အထားများကို မိတ္တူဆွဲပြီး အပို ယူဆောင်သွားမယ်ဆိုရင် အထောက်အထား ပျောက်သွားတာပဲ ဖြစ်ဖြစ် ၊ အထောက်အထား တစ်ခုခု ထားခဲ့ပေးဖို့ လိုအပ်နေတဲ့အချိန်မျိုးပဲ ဖြစ်ဖြစ် ဖြေရှင်းရ လွယ်ကူစေပါလိမ့်မယ်။

၎.သွားတိုက်တံ

လမ်းခရီးမှာ အရမ်း ပင်ပန်း နွမ်းနယ်လာတယ်လို့ ခံစားလာရရင် ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာသစ်ပြီးသွားတိုက်လိုက်ပါ။ အဲဒါမှ လန်းဆန်းမှု ပြန်လည်ရရှိပြီး အသစ်တစ်ဖန် ဖြစ်လာမှာပါ။

၅.ငွေပိုငွေလျှံ

ကိုယ်ရောက်သွားမယ့် နေရာတိုင်းမှာ ATM စက်တွေရှိနေတာ သေချာတယ်လို့ ဘယ်သူမှ အာမခံ မပေးနိုင်ပါဘူး။

၆.ခြေညှပ်ဖိနပ်

Sneakers ဖိနပ် စီးပြီး ခရီးသွားတဲ့လူတွေအတွက် ခြေညှပ်ဖိနပ် အပိုယူဆောင်လာဖို့ လိုအပ်သလိုပဲ ခြေညှပ်ဖိနပ်နဲ့ပဲ ခရီးသွားမယ်ဆိုရင်လည်း အပိုတစ်ရံ လောက်ယူဆောင် လာမယ်ဆိုရင် ရေချိုးခန်း ၊ အိမ်သာ နဲ့ အခြား နေရာတွေကို သွားဖို့အတွက်လည်း ဖိနပ် အပိုတစ်ရံ ရလာနိုင်ပါတယ်။

၇.သောက်ရေဘူး

လမ်းမှာ တွေ့တဲ့ဆိုင်ဝင်ပြီး ရေ ၀ယ်သောက်ဖို့ အဆင်မပြေနိုင်ပါဘူး။ ကိုယ်နဲ့မကွာ အဆင်သင့် ဆောင်ယူသွားတာ အကောင်းဆုံးပါ။

၈.မှတ်စုစာအုပ်တစ်အုပ်

သင်ဟာ ခရီးစဉ် တစ်ခုလုံးကို Blogger တစ်ယောက်လို မှတ်တမ်းတင်ထားဖို့ မလိုအပ်ဘူးဆိုရင်တော့ သင့်ရဲ့  အတွေး တွေ ၊ အမှတ်တရ တွေ နဲ့ တစ်ခြား ရေးမှတ်စရာတွေ ရှိလာနိုင်ပါတယ်။

၉။ အဆာပြေ အစားအစာ

Snacks တစ်ခုခုတော့ ယူသွားသင့်ပါတယ်။ ဗိုက်ဆာလာရင် ဘယ်လိုမှ ပျော်နေနိုင်မှာ မဟုတ်ပါဘူး။

Credit :Trend Myanmar