Breaking News

တစ်လသားရင်သွေးလွယ်ထားရပြီဆိုတဲ့ မိုးယုစံ



ပြီးခဲ့သည့်နှစ် အောက် တိုဘာအတွင်းက အိမ်ထောင်ပြု ခဲ့သည့် သရုပ်ဆောင်မိုးယုစံက ရင်သွေးလေးလွယ်ထားရပြီဖြစ် ကြောင်း ပြောသည်။

‘‘တစ်လကျော်ပဲ ရှိပါသေး တယ်။ ညီမက စောပြီး ကြိုသိသွား တာ’’ဟု ဖေဖော်ဝါရီ ၃ ရက်က Melia ဟိုတယ်တွင် ပြုလုပ်သည့် သဉ္ဇာနွယ်ဝင်း၏မင်္ဂလာအခမ်းအ နားသို့ တက်ရောက်လာသည့် မိုး ယုစံက ပြောသည်။

ကိုယ်ဝန်လနုချိန်ဖြစ်သော ကြောင့် မွေးဖွားရန် အစီအစဉ်ကို အသေးစိတ် မပြင်ဆင်ရသေး ကြောင်း ၎င်းက ဆိုသည်။

‘‘မိခင်ဘဝကိုရောက်တော့ မယ်ဆိုတော့ စိတ်လှုပ်ရှားပါ တယ်။ အခုမှ အိမ်ထောင်ကျတာ ကလည်း သိပ်မကြာသေးဘူး။ သုံးလကျော်ပဲ ရှိသေးတယ်ဆို တော့ သိပ်အသားမကျသေးဘူး။ ဝမ်းသာလို့ ဆုတောင်းပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါ တယ်’’ဟု မိုးယုစံက ပြောသည်။

သရုပ်ဆောင် မိုးယုစံကိုယ် ဝန်ဆောင်နေရပြီ ဆိုသည့်သ တင်းများထွက်ပေါ်ခဲ့ခြင်းမှာ ပြီးခဲ့ သည့်နှစ်    နှစ်ကုန်ကတည်းက ဖြစ်ပြီး ယင်းအချိန်က အဆိုပါအ ကြောင်းအရာနှင့်ပတ်သက်၍ တ ရားဝင် ပြောကြားခြင်းမရှိခဲ့ပေ။ သို့သော် ၎င်းတို့နှင့်ရင်းနှီးသည့် မိတ်ဆွေများက ရင်သွေးလေးအ တွက် ဆုတောင်းစကားများရေး သားခဲ့ကြသည်။

သရုပ်ဆောင် မိုးယုစံ၏ မင်္ဂလာဧည့်ခံပွဲများကို ၂၀၁၆ အောက်တိုဘာ ၁၈ ရက်က ဆီဒိုးနားဟိုတယ်၌ မင်္ဂလာမော်ကွန်း တင် လက်မှတ်ရေးထိုးပွဲ၊ အောက်တိုဘာ ၂၀ ရက်တွင် မဟာစည်သာသနာ့ရိပ်သာ၌ မင်္ဂလာဦးဆွမ်း ကျွေးပွဲ၊ အောက်တိုဘာ ၂၉ ရက်တွင်Melia   ဟိုတယ်၌  စုလျား ရစ်ပတ်လက်ထပ်မင်္ဂလာပွဲနှင့် အောက်တိုဘာ ၃၁ ရက်က မင်္ဂလာ ညစာစားပွဲအခမ်းအနားကို နိုဗို တယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

Credit :7Day News Journal