Breaking News

ညအိပ်ရင် ဟောက်တတ်တဲ့အကျင့် ဖျောက်ကြမယ်



ကျွန်ုပ်တို့ သိထားကြတဲ့အတိုင်း ဟောက်တာက ညဘက်အိပ်တဲ့အချိန်မှာ ဖြစ်ပွားလေ့ရှိပါတယ်။ ပုံမကျတဲ့ နှာခေါင်းပေါက်လေဝင်လေထွက်လမ်းကြောင်း၊ အရက်သေစာနဲ့  အဝလွန်မှုတို့က ဟောက်ရတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ နှာခေါင်းနဲ့ လည်ချောင်းထဲ ချွဲသလိပ်လွန်ကဲမှုက ဒီလိုအဆင်မပြေမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမလိုတော့ပါဘူး။ ဟောက်တာကို ဒီထိရောက်ပြီး သဘာဝကုထုံးက တန့်ရပ်စေနိုင်ပါတယ်။

ဒီကုထုံး (ဖျော်ရည်) က လူတော်တော်များများကို ဟောက်တတ်တဲ့အကျင့် ဖယ်ရှားပေးခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး (၂) လုံး

မုန်လာဥနီ (၂) တောင့်

သံပုယိုသီး (၁/၄ ပုံ)

ဂျင်းတက် ၁ ခု

ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်တစ်ခုထဲ ရောစပ်ပေးရပါမယ်။

အသုံးပြုပုံ

ဒီဖျော်ရည်ကို ညမအိပ်ခင် နာရီအနည်းငယ်အလိုမှာ သုံးဆောင်ပေးရပါမယ်။ ပါဝင်ပစ္စည်းတွေက ဖျော်ကို အစွမ်းထက်ထိရောက်မှု ဖြစ်စေတာပါ။ သံပုယိုနဲ့ ဗီတာမင် C ကြွယ်ဝမှုကြောင့် နှာတံနဲ့ နှာခေါင်းပေါက် ရှင်းလင်းတယ်၊ ပန်းသီးနဲ့ မုန်လာဥနီက နှာခေါင်းတစ်ခုလုံး ရှင်းလင်းစေပြီး ဂျင်းတွေက နှာခေါင်းလေဝင်လေပေါက်မှာ ပိခံရမှုက သက်သာစေပါတယ်။

Credit :Trend Myanmar