Breaking News

အချစ်ဆုံးသူငယ်ချင်းက မျက်နှာ,လည်ပင်းတို့ကို ဓားနဲ့လှီးတာခံလိုက်ရတဲ့ ကောင်မလေး


သူငယ်ချင်းအပေါင်းအသင်းဆိုတာ တစ်ခါတရံကျတော့လည်း အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ ကောင်းခဲ့၊ ကိုယ်ကပဲ ဘယ်လောက်ပဲ အနစ်နာခံခဲ့သည်ဖြစ်စေ မနာလို ဣစ္ဆာဆိုတဲ့စိတ်ကလေး ဖြစ်လာတာနဲ့အမျှ ငယ်ပေါင်း သူငယ်ချင်းဆိုတာလဲ မမြင်တော့ဘူး … အကောင်းဆုံးသူငယ်ချင်း အခင်ဆုံးသူငယ်ချင်းဆိုတာလည်း သတိမရတော့ပါဘူး။

Haynna Marie Borja လို့ အမည်ရတဲ့ အသက် 15 နှစ်အရွယ် ကောင်မလေးကတော့ ချစ်စရာ ရုပ်အဆင်းနဲ့ ပြည့်စုံသူ ဖြစ်ပါတယ်။ ရိုးရိုးအေးအေးလေးပဲ နေတတ်လို့ သူမကို ချစ်ကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေလည်း အများကြီးပါဘဲ။ ဒီလို သူငယ်ချင်းတွေအများကြီးထဲမှာ အသက် 19 နှစ်အရွယ် Nicole Ortega Cruz လို့အမည်ရတဲ့ ကောင်မလေးဟာ သူ့အခင်ဆုံး သူငယ်ချင်းပါတဲ့။

ဒါပေမယ့် ချစ်သူခင်သူ များသလို၊ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေပါတယ်။ အထူးသဖြင့် အနီးကပ်ရန်သူတွေပေါ့။ ဒီအထဲမှာ Cruz ကလည်း အပေါ်ယံဟန်ဆောင်ကောင်းပြပြီး၊ နောက်ကွယ်ရမှာတော့ ရွဲ့သလို၊ စောင်းသလို၊ ထေ့သလို၊ ချိတ်သလိုနဲ့ “မင်းသမီးလေးလေ”ဆိုပြီး Borja ရဲ့အတင်းကို တုပ်ပါတယ်။

နောက်ဒီနာမည်ပြောင်ကို တစ်ခြားသူငယ်ချင်းတွေဆီကနေ Borja က ကြားခဲ့ပြီးနောက် စိတ်လည်းမကောင်းသလို၊ ၀မ်းလည်း အလွန်နည်းခဲ့ပါတယ်။ ပြီးတော့ ဒီစကားကို အစထွင်လိုက်တဲ့သူကလည်း Cruz ဖြစ်နေလို့ ပိုပြီး စိတ်ထိခိုက်မိပါတယ်။ ဒါပေမယ့် ဒီလို မခေါ်ဖို့အတွက် သူမရဲ့ အကောင်းဆုံးသူငယ်ချင်းဆီကို သွားပြီး အကျိုးသင့်အကြောင်းသင့် ပြောခဲ့ပါတယ်။

ဒါပေမယ့် သူမထင်ထားတဲ့ ရလာဒ်က တစ်ခြားဆီဖြစ်နေပါတယ်။ Cruz က သူမကို ရန်လိုတိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်မှာ တစ်ခြားကောင်မလေး နှစ်ယောက်လည်းရှိနေခဲ့ပြီး သူမကို ၀ိုင်းဝန်းချုပ်နှောင်ကြပါတယ်။ ဘေးမှာလည်း လမ်းသွားလမ်းလာတွေ ရှိနေခဲ့ပါတယ်။

Cruz က နောက်တော့ ဘလိတ်ဓားကို ထုတ်ကာ Borja ရဲ့ မျက်နှာကို ဓားနဲ့ လှီးလိုက်ပါတယ်။ ပြီးတော့ လည်ပင်းကိုလည်း ဓားနဲ့ လှီးခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေရောက်လာပြီး Borja ကို ကယ်ခဲ့ပါတယ်။ Borja ဟာ ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ပြီး၊ သူမရဲ့ အခင်ဆုံးသူငယ်ချင်းဆိုတဲ့ Cruz နဲ့ အပေါင်းအပါတွေကတော့ ပြစ်မှုကျူးလွန်
ကြောင်း ထင်ရှားလို့ ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရပါတယ်။

Credit :နတ်စည်တော် (Shwemom)