Breaking News

ပိုက်ဆံအိတ်လွယ်တဲ့အခါ သင်မလုပ်သင့်တဲ့အရာ (၁) ခု


play
အပြင်သွားတဲ့အခါ၊ ရုံးသွားတဲ့အခါ ပစ္စည်းပစ္စယတွေ ထည့်ဖို့ အိတ်တစ်လုံးသယ်သွားတာ ထုံးစံပါ။ အိတ်ကို အလေးကြီးမသယ်ရဘူးဆိုတာ သိပေမယ့် ဘယ်လောက်အလေးချိန်လဲဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။

အိတ်ထဲကို ရေဘူးတွေ၊ စာအုပ်တွေ့ထည့်ပြီး သယ်တတ်သူတွေ တစ်ခါတစ်ရံ လည်ပင်းဇက်ကြောတက်တာ၊ ပုခုံးမှာ အနီစင်းကြီးနဲ့ ဒဏ်ဖြစ်တာမျိုးတွေ ကြုံရဖူးမှာပါ။ ခါးနာခြင်းမှ ကင်းဝေးအောင်ဆိုပြီးအိတ်တွေကို အလေးကြီးမသယ်ဖို့ သတိတွေပေးခဲ့ကြဖူးပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ အလေးချိန်က ဘယ်လောက်ထိသယ်လို့ရပြီး ဘယ်လောက်ဆိုသယ်လို့မရတာလဲ။
play

play
ဒေါက်တာ အဲဗလင်း ဟာဝေါ့သ်ပြောပုံအရ ပုခုံးထက်မှာ ချိတ်ပြီး လွယ်တဲ့အိတ်တွေဟာ သင့်ခန္စ္ဓာကိုယ်အလေးချိန်ရဲ့  ၁၀ ပုံ ပုံရင် ၁ ပုံသာဖြစ်သင့်ပါတယ် လို့ ဆိုပါတယ်။ တကယ်လို့သင်က ပေါင် ၁၂၀ ဆိုရင် သင့်အိတ်က ၁၂ ပေါင်သာ ရှိသင့်တယ်လို့ ဆိုပါတယ်။ 
"တကယ်တမ်းပြောရရင်တော့ အိတ်က ၁၀ပုံ ၁ ပုံ သာ လေးသင့်တယ်ဆိုပေမယ့် လိုသလောက်သာ ထည့်လွယ်ပြီး ကျန်တာလက်က ဆွဲသွားတာ ပိုကောင်းပါတယ်။ ဒီ ၁၀ ပုံ ၁ ပုံ အလေးချိန်ဟာ ပုခုံး နှစ်ဖက်လုံးမှာ မျှနေတာပိုကောင်းတာမို့ တစ်ဖက်စီ လှည့်ပြီး လွယ်ပေးသင့်ပါတယ်။ ဒါဆိုရင်တော့ ဇက်ကြောလည်းမတက်တော့ဘူး။ ခန္စ္ဓာကိုယ် ပုံစံလည်း ကျပြီး ကြည့်မကောင်းတာမျိုးလည်း မဖြစ်တော့ဘူးပေါ။" လို့ ဒေါက်တာ အဲဗလင်းက ဆိုပါတယ်။
ှSource : Elle