Breaking News

အမျိုးသမီးများ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ပါစေ



အမျိုးသမီးတစ်ယောက်ဖြစ်မှမဟုတ် လူတိုင်းက ကိုယ့်တန်ဖိုးကို မြှင့်နိုင် ချနိုင်ပါတယ်။ လူတစ်ယောက်မှာ ကိုယ့်ရဲ့ ခံယူချက်၊ ကိုယ်နှုတ်အမူအရာ၊ ပြောပုံဆိုပုံ အစရှိသည်တို့ဖြင့် ကိုယ့်တန်ဖိုးကို ပထမဆုံးဖော်ပြနိုင်ပါတယ်။ ယခုဖော်ပြပေးချင်တာကတော့ Valentines Day ဆိုတဲ့ ပြက္ခဒိန်ထဲက သာမာန်နေ့တစ်နေ့ကိုပဲ အဆန်းလုပ်ပြီး အမျိုးသမီးများရဲ့ အပျိုစင်ဘဝကိုစိန်ခေါ်နေကြတာကိုပြောချင်တာပါ။

ဘာမှပြောရလောက်အောင် မဟုတ်တဲ့ ချောကလက်လေး၊ ပန်းစည်းလေး၊ ဝက်ဝံရုပ်ကလေး အတွက်လောက်နဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေလိုက်စရာမလိုပါဘူး။ အဲ့တာကို သိပ်ချစ်ရပါတယ်ဆိုတဲ့ အမျိုးသားတွေက ပေးတိုင်း ကျေးဇူးတွေအရမ်းတင်ပြီး တစ်ဘဝလုံး ပုံအပ်ရင်တော့ မိုက်မဲလွန်းတာပါ။ တကယ်အချစ်စစ်နဲ့ချစ်ရင် တန်ဖိုးထားရမှာ အသေအချာပါပဲ။ ချစ်လွန်းလျှင် လူသိရှင်ကြား လက်ထပ်ထိမ်းမြား ထားတာတောင် ဖောက်ပြန်ဖို့ အခွင့်အရေးရလျှင်၊ ဖောက်ပြန်ချင်စိတ်ရှိလျှင် ဖောက်ပြန်ချင်တဲ့ ယောကျာ်းဆိုတာလည်းရှိပါတယ်။ ဒါကြောင့် သမီးရည်းစားအဆင့်လောက်နဲ့ အမျိုးသားတစ်ယောက်ကို ယုံဖို့၊ ပုံအပ်ဖို့ဆိုတာ စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုလျှင် စဉ်းစားပါ။ ကိုယ့်ကိုကိုယ်လည်း တန်ဖိုးထားပါ။ ကိုယ့်ရဲ့ တန်ဖိုးကို မချပါနဲ့။ ကိုယ့်တန်ဖိုးကို ဘယ်သူကမှ သတ်မှတ်ထားမဟုတ်ပါဘူး။ တန်ဖိုးရှိတယ် မရှိဘူး ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ အမျိုးသားတွေအနေနဲ့လည်း ကိုယ်ချစ်တဲ့သူကို တန်ဖိုးကြီးအောင် တန်ဖိုးတတ်အောင် ထားခြင်းဖြင့် ယောကျာ်းပီသစွာ ဂုဏ်ယူလိုက်ပါ။ သန့်ရှင်းတဲ့ တန်ဖိုးရှိတဲ့ အချစ်များနဲ့ လာမည့် Valentines Day ကိုဖြတ်ကျော်နိုင်ကြပါစေ။

Credit : သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)